ရက်စက်တဲ့အရှင်

2.7K 372 18
                                    

ပန်းဥယာဉ်ထဲမှာ ဒန်းစီးရင်း ပုလွေမူတ်နေတဲ့
အရှင့်ကိုကြည့်ရင်း သိပ်ရင်ခုန်ရပါသည်။

သာယာတဲ့ပုလွေအသံလေးထဲစီးမျောနေတဲ့
အရှင်က မျက်လုံးမှိတ်ထားပြီး ပုလွေအသံနှင့်အတူ ခန္ဓာကိုယ်လေးကလည်း ယိမ်းယိုင်နေတယ်။

အရှင့်ပုလွေအသံကိုနားထောင်းရင်း
ပြန်မြင်​ယောင်မိသည်မှာ သူငယ်ငယ်က
ဗြက်စောင်းတီးရင်း သဘောကျလို့လက်ခုပ်တီးနေတဲ့ ဖေဖေနဲ့ မေမေ။

တွေးရင်းနဲ့မျက်ရည်ဝဲတက်လာလို့မသိသာအောင်ပုတ်ထုတ်လိုက်သည်။ ထို့နောက်
ဒန်းပေါ်က အရှင့်ကိုသာ ဆက်ငေးနေမိသည်။

"အရှင်! "

အသံလာရာကိုကြည့်တော့ ကချေသည်ရဲ့ခေါင်းဆောင်၊ မဟုတ်မှလွဲရော သူ့ကိုပြန်လာခေါ်တာများလား။

စိုးရိမ်သွားတဲ့ဒီခဏမျက်ရည်တွေဝဲနေတဲ့
ဆော့ဂျင်မျက်ဝန်းလေးကို အရှင်ကြည့်နေခဲ့တယ်ဆိုတာ သူမသိပါ။

"ကျွန်တော်မျိုးမရဲ့ကချေသည်ကို ဘာလို့ခေါ်ရတာလဲ အရှင် "

အရှင့်အနားပြားပြားဝပ်ပြီး မေးမြန်းနေတဲ့ခေါင်းဆောင်က သူ့ကိုလည်းတချက်တချက်
မျက်စောင်းထိုးကာကြည့်နေသေးသည်။

"ကချေသည်အဖွဲ့မှာ ဒီလောက်တောင်လူရှားသလား!?"

"မဟုတ်ပါဖူးအရှင်......သူက ကချေသည်အဖွဲ့ရဲ့ အထူးလူတစ်ယောက်ပါ။ သူ့ကိုသေချာကျွေးမွေးပြီး ပိုးမွေးသလိုမွေးထားတာပါ အရှင်....အခုထိ လဲအပြင်ပေးမထုတ်ခဲ့ပါဖူး"

ခေါင်းဆောင်စကားတွေအရ သူ့ကိုပြန်ခေါ်တော့မည်ဆိုတာ သေချာသလောက်။
မျက်ရည်တွေဝဲနေတဲ့ မျက်ဝန်းကအရှင့်ကို
ကြည့်ရင်း စိတ်ထဲကပြောနေခဲ့မိသည်။
"ကျွန်တော်ပြန်မလိုက်ပါရစေနဲ့တဲ့"။

"သူကအခုကစပြီး ကချေသည်မဟုတ်တော့ဖူး
ငါ့လူပဲ....အဲ့တာကြောင့် ကိုယ့်နေရာကိုယ်ပြန်ပြီးလုပ်စရာရှိတာသာ လုပ်ပါ "

"ဟုတ်....ဟုတ်ကဲ့ပါအရှင်"

အရှင့်ရဲ့အပြောအောက် ဘာမှစောဒကမတတ်ပဲအရိုအသေပေး ကာထွက်သွားသည်။ ထွက်သွားတဲ့ခေါင်းဆောင်ကိုမြင်မှပဲ ဆော့ဂျင်အသက်ဝစွာရှူနိုင်တော့သည်။

ပန်းရိုင်းWhere stories live. Discover now