မိုးနတ်မင်းရဲ့ချီးမြင့်ခြင်း

1.7K 183 39
                                    

(Zawgyi)

စိမ်းစိုနေသောတောင်းတန်းကြီးများနောက်ခံထားသော ဂျုယန်းပြည်၌ အောင်ပွဲခံကာ
ပျော်ပွဲရွှင်ပွဲ ပြုလုပ်နေကြသည်။
အကြောင်းအရင်းမှာတော့..........

“ဧကရီမှာကိုယ်လေးလက်ဝန်ရှိနေပြီဟေးး!!!”ဟူသော ‌ဟစ်ကြွေးသံနှင့်အတူဂျုယန်းတစ်ပြည်လုံးအုံကြွလျက်။

ပျော်ရွှင်နေကြသော ပြည်သားများဟာ ပွဲတော်အလားဂျုယန်းပြည်ကို ပြင်ဆင်ကြသည်။မီးရောင်စုံထွန်းညှိပြီး မီးပုံတွေကအသီးသီး လွှတ်‌တင်နေကြသည်။
ဝမ်းသာနေတဲ့ ပြည်သူများဟာလည်း ရှိရှိသမျှရက်ကန်းစင်၌ ပိုးသားအ၀တ်အထည်များကိုနေ့ညမပျက် ရက်လုပ်ကာ မင်းမျိုးနွယ်နှစ်ပါးအားဆက်သ,ရန် ပြင်ဆင်နေကြသည်။

“ပြည်သူတွေပျော်နေတာ မြင်လား ဆော့ဂျင်...”

နန်းဆောင်အပေါ်ထပ် လသာဆောင်မှနေ၍
ဂျုယန်းကို အရှင်နှင့်အတူတူ ကြည့်ရှူ့နေသည်။ဆော့ဂျင်ကိုအနောက်မှဖက်ထားသော အရှင့်ရဲ့ကိုယ်သင်းရနံ့လေးမှာ တချက်တချက် လေပြည်နှင့်အပြိုင် ဆော့ဂျင်နှာဝထဲတိုးဝှေ့သည်။

“သူတို့ပျော်တာကြည့်ပြီး ဆော့ဂျင်လည်းပျော်တယ် ဟင့်!"

စိတ်ခံစားလွယ်တဲ့ဧကရီလေးဟာ အရှင့်ရင်ခွင်ထဲမျက်နှာအပ်ပြီးငိုလေသည်။အရှင်ကတော့သူ့အပိုင်လေးအား ဖက်ထားရင်း......

“ဂျုယန်းတစ်ပြည်လုံးဆော့ဂျင်ကိုချစ်တယ်
ကိုယ်ကတော့ပိုတာပေါ့နော်....”

ထိုမှသာ ငိုနေသည့် သူ့အပိုင်လေးက ပိုရန်ကောဆိုသည့်မျက်စောင်းလေးဖြင့်မော်ကြည့်လေတော့.......

“မယုံဖူးလား....ယုံအောင် ပြပေးမယ်လေ”

“အင့်ဟာ! အရှင်လူဆိုး!”

ရင်ဘတ်လေးကိုထုရိုက်လာတဲ့လက်သီးဆုပ်လေးကို ဖမ်းဆုပ်ပြီးနောက် ကြင်ကြင်နာနာဖြင့်နဖူးပြင်ထက် အနမ်းတစ်ပွင့်ခြွေသည်။

“ပြွစ်”

မျက်လုံးမှိတ်ကာ အနမ်းတစ်ပွင့်အား
ခံယူလိုက်သည်။ဒီအချိန်မှာ အလိုအပ်ဆုံးက
အရှင့်ရဲ့ကြင်နာတဲ့ အနမ်းတစ်ပွင့်။

ပန်းရိုင်းWhere stories live. Discover now