ကိုယ်လေးလက်ဝန်

1.7K 243 39
                                    

ညို့မိုင်းနေသော ကောင်းကင်ကြီးထက်
မဲနက်သော တိမ်စိုင်များသာ ရွေ့လျားနေသည်။
မြက်ခင်းစိမ်းတွေသာ လွှမ်းခြုံထားသော
ဒီကွင်းပြင်ကြီးမှာ စိမ်းစို၍လှပရမည့်အစား
မီးခိုရောင်ကောင်းကင်ကြီးကြောင့်
အကျည်းတန်လှသည်။

ဝမ်းနည်းမှုအငွေ့အသက်တွေဖုံးလွှမ်းနေတဲ့
ကောင်းကင်ကြီးအောက်မှာတော့ လေနုအေးများကတိုတ်ခတ်လျက်ရှိပါရဲ့။

ထို့အတူ အရှင်တို့မြင်းမှာလည်း ဂျုယန်းကို
ခြေလှမ်းများဦးတည်လျက်။

လေနုအေးတစ်ချက်ဝေ့တိုင်း လွင့်သွားတဲ့
အရှင့်ဆံနွယ်များ။ အနောက်ကိုသိမ်းကာ
စည်းထားသည်မို့လို့ ဝင်းမွတ်နေတဲ့ နဖူးပြင်ကအတိုင်းသားမြင်ရသည်။

နက်မှောင်ဖြောင့်တန်းနေတဲ့မျက်ခုံးနှစ်ဖက်ကတင်းမာနေပြီး မျက်ဝန်းများကလည်းဂျုယန်းအပြန်လမ်းကိုသာ အာရုံစိုက်နေသည်။

ဒီအချိန် သူ့အပိုင်လေးဘာများလုပ်နေမလဲ၊
သူ့ကိုရှာမတွေ့လို့ ကွမ်းကိုများ ပြသာနာရှာလေမလား။မပြောမဆိုပဲထွက်လာရသည်မို့ သူပြန်ရောက်ရင် စိတ်ကောက်တော်မူအုံးမလား။

"အရှင်....ဒီသူပုန်တွေနောက်မထကြွရအောင်
ကျွန်တော်တို့ဖက်က အထူးတပ်ဖွဲ့ကို
ထက်ဖွဲ့ထားကြရင်ကောင်းမလား"

"ဖွဲ့ထားလိုက်ယွန်ဂီ....အချိန်မရွေး ထကြွနိုင်သေးတယ်"

"ကျွန်တော်မျိုးထင်နေတာ တစ်ခုရှိတယ် အရှင်၊အခုလို လက်နတ်အင်အားတောင့်တင်းတဲ့သူပုန်တွေကိုထောက်ပံ့တဲ့ လူရှိနိုင်မလားဆိုတာ..."

"ငါလည်းတွေးနေတာ.....ဘယ်လိုအာဏာရှိတဲ့လူကများထောက်ပံ့နေလဲဆိုတာ...."

ဂျုယန်းက လက်နတ်အင်အားမကြွယ်ဝသော်လည်းသယံဇာတကြွယ်ဝလှသည်။
ရေနံမြေပေါများသည့် တောင်ပိုင်း၊
မြေသြဇာကောင်းသောမြောက်ပိုင်း နှင့်
ကျောက်မျက်အနည်းငယ်ထွက်သော တောင်ပေါ်ပိုင်းဟူ၍ ရှိသည်။

အရှင်က တောင်ပိုင်းနှင့် တောင်ပေါ်ပိုင်းကိုအစိုးရပြီး မြောက်ပိုင်းမှာ နေထိုင်သောသူဖြစ်သည်။
ခမည်းတော်လက်ထက်ထဲက လက်နတ်များကိုအခြားနယ်မြေများမှတင်သွင်းခဲ့သည်။

ပန်းရိုင်းWo Geschichten leben. Entdecke jetzt