အေးစက်နေတဲ့လေပြည်တွေ တိုးဝှေ့နေတဲ့
စာဖတ်ခန်းထဲ အရှင်တစ်ယောက်သာရှိသည်။လေနုအေးနှင့်အတူသယ်ဆောင်လာတဲ့ ပန်းရနံ့တွေက စိတ်အဖုံကိုအေးမြစေသော်လည်း
အရှင့်စိတ်ထဲ လွမ်းဆွတ်မှုကသာ ကြီးစိုးနေပါသည်။လွမ်းတယ်၊ လွမ်းတယ်။
ရက်ရက်စက်စက်ကို လွမ်းလှတယ်။
ကိုယ်သင်းရနံ့ တွေ၊ အထိအတွေ့တွေ
ပါးမို့မို့လေးတွေ ၊ အနမ်းလှလှလေးတွေ။
ကိုယ်သိမ်းကိုလွမ်းလှချေရဲ့။'ဒေါက်..ဒေါက်'
"အရှင်...ကျွန်တော်ပါ ဝင်လာပါရစေ!"
"အင်း ဝင်ခဲ့"
စာဖတ်ခန်းထဲကို ဝင်လာသူကတော့အခြားမဟုတ်၊ အမတ်မင် ပင်ဖြစ်သည်။
သူ့အရှေ့မှာရပ်ပြီးနောက် အရှင့်ကိုအရိုအသေပေးလိုက်သည်။"ကွမ်းကို ရှာတွေ့ပါပြီ အရှင်"
"ဘာ!!"
စိတ်ထဲဝမ်းသာလွန်းလို့ ထိုင်ရာမှတောင်
ထ ထိုင်မိသည်။ ထို့အတူ မျက်ဝန်းတွေကလည်း
အရည်ကြည်တွေရွှဲစိုလာရသည်။"အနောက်ဖက်က ချုအင်းရွာမှာ နေခဲ့တာပါ။
ကွမ်းက လျင်လို့ ဖမ်းရခက်တယ် အရှင်....""ချုအင်းရွာ?"
ချူအင်းရွာဆိုတာ ဂျုယန်းရဲ့အနောက်ဖက်က
ရွာငယ်လေး။ စိုက်ပျိုးရေးကောင်းပြီး သယံဇာတပေါများလို့ သူပုန်တွေအရမ်းထတဲ့ရွာငယ်။"နီးနီးလေးမှာ ရှိပြီး မမြင်ခဲ့တာပါ အရှင်၊
အခုတော့ ကွမ်းကိုဖမ်းဖို့ လူလွှတ်ထားတယ် ""နေအုံး ယွန်ဂီ.....ငါကိုယ်တိုင်လိုက်သွားမယ်
ကွမ်းကိုမဖမ်းနဲ့....ပိုရူပ်ကုန်မယ်""ဟုတ်ကဲ့ အရှင်!"
ချုအင်းရွာကို သူမေ့နေခဲ့တာ။
နီးနီးလေးမှာရှိပြီး သူရှာဖို့ကျန်ရှိနေခဲ့တာ။နောက်ဆုံးတော့....မင်းကိုရှာတွေ့ခဲ့ပြီ။
နီးနီးလေးနဲ့ဝေးနေတဲ့ ကိုယ်တို့နှစ်ယောက်
ကို နောက်ဆုံးတော့ ကောင်းကင်ဘုံက
ဆုံစည်းစေခဲ့ပြီ။ကိုယ်လာပြီ ဆော့ဂျင်၊
မင်းကို လာခေါ်ပြီ။ဝမ်းသာလွန်းလို့ကျတဲ့ ဒီမျက်ရည်တွေ အရှင်
မသုတ်မိပါ။ နာကျင်လို့ကျရတဲ့ မျက်ရည်တွေထက် အခုမျက်ရည်တွေကို အရှင်ကအလွတ်ပေးထားသည်။
![](https://img.wattpad.com/cover/281669625-288-k498549.jpg)
YOU ARE READING
ပန်းရိုင်း
Fanfiction"ပန်းလေးတစ်ပွင့်ခူးမိတယ် ဘာဖြစ်လို့လွှင့်လိုက်တယ်။ သူ့ရဲ့နှလုံးသားဟာသိပ်ရိုင်းတယ်" "ပန်းတစ်ပွင့်နဲ့ မောင့်အချစ် မယုံမရှိနဲ့ သိပ်ရိုင်းတယ်" Cover crd 22.august.2021>>Rank 1 🌸 23.august.2021>>Rank2 🌸