ချုဆော့ပွဲတော်

1.2K 190 31
                                    

(Zawgyi )

ရက်လများ အလီလီဖြတ်ကျော်လာပြီးနောက်ထက်မံရောက်ရှိလာသည့်
ချုဆော့ပွဲတော်...

ဆောင်းလေပြည်တစ်ချို့ဝေ့ဝဲနေတဲ့ ဂျုယန်းရဲ့ချုဆော့ပွဲတော်မှာ အရင်နှစ်များထက်ပိုစည်ကားသည်ဟုပြောရမည်။ရပ်နီးရပ်ဝေးမှ ရွာသားများပါ လာရောက်ကြပြီး ရိုးရာဆန်မုန့်များကို ဝေငှနေကြသည်။

ရောင်စုံသော မီးပုံးတွေကြားစည်ကားနေသည့်ချုဆော့ပွဲတော်နှင့်အတူ ထွန်းလင်းနေသည့်လမင်းရယ် ထိန်ထိန်သာလျက်။

“အရှင်! သွားမယ်လေ!”

မြင်းဖြူကြီးနား ရပ်စောင့်နေသည့်အရှင့်ခမျာ
ရင်ထဲ ပန်းဥယာဉ်များ တစ်ပြိုင်ထဲ
ပွင့်သွားသလိုပင်။

ဖြူဖြူအုအု ဆော့ဂျင်ဟာ ပန်းနုရောင်ရိုးရာဝတ်စုံနှင့်အတူ လှပနေပြီး ပျားရည်လေးမှာလည်း သူ့ပါပါးနှင့်တူတူလမ်းလျှောက်တတ်စလေးဝတ်ဆင်ထားသည်။

“ဖေဖေ...တွားမယ်ယေ”

လမ်းလျှောက်တတ်စ ပျားရည်လေးဟာ
စကားလည်းကောင်းကောင်းပြောတတ်နေပြီဖြစ်သည်။သို့သော် သိပ်တော့မပီလှ။
ထိုမပီတပီလေးကိုပဲ ဆော့ဂျင်နှင့်သူက
အသည်းနှစ်အောင် ချစ်ရှာသည်။

“လာပါအုံး သားအဖတွေ....”

လက်ဆန့်တန်းပေးတော့ သူ့ရင်ခွင်ထဲလုံးနေအောင်ပြေးလာသည့် သူတို့သားအဖ။
ရင်ခွင်ထဲမြုပ်နေအောင်ဖက်ထားပြီး နို့ရနံ့သင်းပျံ့နေတဲ့ပါးနှစ်ဖက်အား တစ်လှည့်ဆီ
မွှေးကြူလိုက်သည်။

'မွ! မွ!'

သူ့အနမ်းကိုသဘောကျတဲ့သားအဖကတော့
တခ်ခ်ရီကာ အဖြူရောင်သွားတန်းလေးများ
ထင်းသည်အထိ ပြုံးပြသည်။

ဒီအပြုံးလေးတွေကို တစ်သက်လုံးထွေးပိုက်ထားချင်လိုက်တာ..........။

“သွားကြရအောင်!”

ပျားရည်လေးအား မြင်းဖြူကြီးပေါ်တင်ပြီး
ဆော့ဂျင်နဲ့သူကတော့ လမ်းတူတူလျှောက်လာခဲ့သည်။အထိန်းတော်အချို့ကတော့ နောက်ကနေ
တပ်ကြပ်မကွာ လိုက်ပါလာခဲ့ပါသည်။

ပန်းရိုင်းWhere stories live. Discover now