အရှင်နဲ့တစ်နေ့တာ

2.7K 326 22
                                    

"သူပုန်တွေထကြွနေတဲ့ နယ်ဖျားကို
မနက်ဖြန်အပြတ်ရှင်းလိုက် အရှင်တစ်ယောက်မှ
မချန်ထားနဲ့!! ပြီးတော့ နစ်နာသွားတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာတွေ အလုံအလောက်
ထောက်ပံ့ မယ်"

"အမိန့်အတိုင်းပါ အရှင်"

အရှင်က ဒီလိုလူမျိုးတစ်ဦးပါ။
တစ်ကြိမ်ထဲမှာတင် ရက်စက်နိုင်သလို
တစ်ကြိမ်ထဲမှာတင် ကြင်နာတဲ့ အရှင်ပါ။

တင်းမာတဲ့အရှင့်မျက်နှာထားက ဘယ်လောက်ထိရဲရင့်ပြတ်သားကြောင်းပြသနေသည်။
ဆော့ဂျင်နဲ့အတူရှိနေစဉ်မျက်နှာနဲ့ နည်းနည်းမှမဆိုင်တဲ့ အရှင့်မျက်နှာ။

ညီလာခံမှာ အကြမ်းရည်သောက်ရင်း တိုင်းရေးပြည်ရေးဆွေးနွေးပြီးတဲ့နောက်
ဂန္ဓာမာပန်းတွေစိုက်ထားတဲ့ နန်းဆောင်ကို
ဦးတည်လိုက်သည်။

သို့သော် နန်းဆောင်ထဲမရောက်ခင် မြင်လိုက်ရတဲ့
မြင်ကွင်းလေးကြောင့် အေးစက်လွန်းတဲ့
အရှင့်ရင်ထဲ အမည်မသိလိုင်းလေးဖြတ်သန်းသွားရသည်။

နန်းဆောင်ရှေ့မှာ ငှက်တွေအစာကျွေးနေတဲ့
ချစ်စဖွယ် သူ့အပိုင်လေး။
ပန်းရောင်ဝတ်စုံနဲ့ ငှက်တွေအစာကျွေးနေတာ
ပုံ့ပုံ့လေးထိုင်လို့ပင်။

"ဟာ...ဟိတ်ကောင်တွေ! ငါ့ခြေထောက်ကိုမဆိတ်နဲ့လေ!"

ငှက်အစာကျွေးရင်းခြေထောက်ကိုလာဆိတ်တဲ့ငှက်တွေကြောင့်ဆော့ဂျင်နူတ်ခမ်းလေးစူပုပ်သွားရသည်။ ရပ်ကြည့်နေတဲ့အရှင်ကတော့
ပြုံးပြုံးကြီးနဲ့ သူ့အပိုင်ကိုကြည့်နေသည်။

"အော်.....အရှင် ဘယ်တုန်းကရောက်တာလဲ"

"အင်း အခုပဲ ဘာလုပ်နေတာလဲ အရှင့်အပိုင်လေးက"

အနားကိုလျှောက်သွားရင်း ရင်ခွင်ထဲထည့်ကာ
နဖူးပြင်ကိုနမ်းရိုက်လိုက်သည်။ သဘောကျပုံရတဲ့အရှင့်အပိုင်လေးက ရင်ထဲမှာတခ်ခ်ကို
ရီလို့။

"ငှက်တွေအစာကျွေးနေတာ အရှင်ရဲ့"

"ကိုယ့်ကိုရော မကျွေးချင်ဖူးလား"

"ဟင်....ဘာကိုဆိုလိုတာလဲဟင်"

အူတူတူသူ့အပိုင်လေးကိုအရှင်က ကြည့်ရင်းရီနေလို့ဆော့ဂျင်မျက်မှောင်ကျုံ့မိသည်။
တစ်ခါတစ်လေ အရှင့်စကားတွေကို
နားမလည်နိုင်တာ သူတစ်ယောက်ထဲလား။

ပန်းရိုင်းWhere stories live. Discover now