အလည်သွားမယ်

954 157 14
                                    

ချစ်တတ်သူဟာ အရှင်ပါလို့ ဖြေတိုင်း
ပါးပြင်ထက် ကျရောက်လာတဲ့အရှင့်အနမ်းတွေ
ဟာတစ်လောကလုံးထက် အချိုမြိန်ဆုံး.........။

#####
ဖြူလွှလွှတိမ်စိုင်တွေဟာ မြူနှင်းသဖွယ်
ကောင်းကင်ထက် ရစ်ဆိုင်းနေသည်။
နေရောင်ပျပျမှာလည်း လင်းလက်ဖို့ရာ
တစ်ယောက်ထဲမို့ တိမ်စိုင်တွေရဲ့အနောက်မှာ
ပုန်းခိုနေခဲ့သည်။

ထို့အတူ အရှင်တို့ရဲ့မင်းမျိုးနွယ်ဝေါယာဉ်မှာလည်း ဂျယ်ပြည်နယ်သို့တရွေ့ရွေ့။
သမီးတော်လေး ဆန်မုန့်အသက်ကြီးရယ် ဂျယ်နိုင်ငံကိုအလည်သွားမည်ဆိုသော ကတိ။

ထိုကတိကို ပေးခဲ့သည်မှာလည်း ယနေ့လို
နေသာတဲ့ ရက်လေးတစ်ခုမှာပါပဲ။
အရှင်ဟာ သူနဲ့ပတ်သက်ရင် မိသားစုနဲ့ပတ်သက်ရင် ဘယ်တော့ မမေ့လျော့တဲ့ ယောကျာ်း။

နှစ်ယောက်သား အတူတူစီး‌လာသည့်ဝေါယာဉ်မှာလည်း နှစ်ယောက်ထဲသာရှိပေလို့ပင်။
လူတွေသာ ပါခဲ့ရင် ဆော့ဂျင်တစ်ယောက်ရှက်လို့
မျက်နှာပေါ်တွင် ဟင်းချက်ရနိုင်သည်။

ဖက်ထားသည်မှာလည်း မလွှတ်တမ်း
နမ်းရိုက်သည်မှာလည်း မမောစတမ်း။
ဒီလိုသာဆို ဘယ်လိုလုပ်ခရီးရောက်ပါဘိ
အရှင်ရယ်............။

####
“အစ်ကိုတော်!!”

ဝေါယာဉ်ပေါ်မှဆင်းသည်နှင့်ဆီးကြိုနေသည့်
အသံဆာဆာလေးဟာ တစ်ဖက်ခြမ်းမှာ
လက်ပြနူတ်ဆက်နေသည်။

“ဂျောင်ယုံး!!”

အပြန်အလှန်ပင် လက်ပြနူတ်ဆက်လိုက်တော့
ဂျောင်ယုံးဟာ အရှင့်ဆီကိုပြေးလာသည်။
ထို့အတူ မောင်နှမတွေမဆုံတာကြာလို့ခဏမျှ
ပွေ့ဖက်ထားလိုက်ကြသည်။

အရင်ကဆို ပွေ့ဖက်ဖို့မပြောနဲ့
အနားကပ်ဖို့တောင် မလွယ်သည့်အစ်ကိုတော်ဟာ ဆော့ဂျင်ကြောင့်အများကြီးပြောင်းလဲခဲ့
ရတာ ဂျောင်ယုံးအတပ်သိသည်။
ထို့ကြောင့်လည်း သတိရတိုင်းကျေးဇူးတင်မဆုံး။

“မဂ်လာပါ....အားလုံးပဲ”

ချိုသာသောအပြုံးအားဆင်မြန်းရင်း
တစ်ယောက်ချင်းစီမျက်နှာကြည့်ပြီးနူတ်ဆက်လိုက်သည်။သို့သော် သူမ မျက်လုံးများဟာ
ရွှေအိုရောင် ဆံနွယ်နဲ့ကလေးမဆီရောက်တော့
မှင်သက်သွားလေ၏။

ပန်းရိုင်းWhere stories live. Discover now