ချစ်ဖို့ကောင်းတဲ့ ဆန်မုန့်

1.3K 175 27
                                    

(Zawgyi)

သုံးနှစ်ခန့် ကြာ‌ပြီးနောက်........။

အရာအားလုံးဟာ မပြောင်းလဲ
ဒါနာ ပန်းဥယာဉ်ထဲမှ ပန်းပင်များလည်း
ဆက်လက်ပွင့်လန်းနေသည်။ ပန်းနုရောင်
နန်းဆောင်မှာလည်း ထုံးစံအတိုင်း ဂန္ဓာမာ
ပန်းရနံ့ သင်းပျံ့နေသည်။

ပုံမှန်အတိုင်း တည်ရှိနေသည့်ရပ်ဝန်းထဲ
တိုးဝင်လာသည့် အရာလေးမှာတော့
ကလေးတစ်ယောက်ရဲ့ အသံပင်ဖြစ်သည်။
ဂျောင်မင်းနဲ့အတူ ဆော့မယ့် ကလေးတစ်ယောက်ရဲ့ အသံငယ်လေးပေါ့။

လေတဖြူးဖြူးတိုက်နေသည့် စာဖတ်ခန်းထဲတွင် အရှင်တစ်ယောက် အကြမ်းရည်သောက်ကာစာဖတ်နေသည်။

လေပြည်ကြောင့် ယိမ်းနွှဲ့သွားတဲ့ ပခုံးထက်မှ
ဆံနွယ်များဟာ နယ်ကျော်ပြီးအကြမ်းရည်ခွက်အားရိုက်ခတ်သည်။ခွက်ထဲဝင်လုဆဲ ဆံနွယ်များကို အနောက်သို့သပ်တင်ရင်း ဒုတိယစာမျက်နှာကို လှန်လိုက်သည်။

စာရွတ်များကိုလှန်လှောနေသည့် လက်ချောင်းများဟာ အရင်တိုင်းဖြူဝင်းဆဲ။
လက်သန်းကြွယ်တွင် ၀တ်ဆင်ထားသည့် ငွေမှင်ရောင်လက်စွပ်ဆီအကြည့်ရောက်မိတော့
သတိရသွားလေတဲ့ ဟိုးအတိတ်က
စာမျက်နှာ ။

ငယ်ရွယ်မှုတွေကို တိုင်တည်ပြီး ၀တ်ဆင်ခဲ့ကြတဲ့‌လက်စွပ်ဟာ ယခုထိတိုင် တောက်ပဆဲ၊ ကြွရွဆဲ။ထို့အတူ လိုက်ဖတ်ဆဲပင်။

'ဒေါက် ဒေါက်'

တံခါးခေါက်သံကြားတော့ ဖတ်လက်စ စာအုပ်နှင့်အတူ အတွေးများကိုဘေးချလိုက်သည်။ကျန်ရှိနေသည့် အကြမ်းရည်ကို မော့သောက်ပြီးနောက်မှာတော့........

“၀င်လာခဲ့လေ...”

ပွင့်ဟလာတဲ့ တံခါးနောက်မှာတော့ သူ့ဆီတန်းနေအောင်ပြေးလာသည့် အဖြူလုံးလုံးလေး။တစ်နည်းအားဖြင့် သူ့ရဲ့သမီးတော်။

“ဖေဖေ!!”

'အင့်'

ပြေးလာသည့် သမီးတော်အားပွေ့ချီကာ
ပေါင်ပေါ်တင်လိုက်သည်။ ထို့နောက် ပါးဖောင်းဖောင်းလေးအား မွှေးကြူရင်း ရွှေအိုရောင်ဆံနွယ်များကို လက်ဖြင့်ထိုးဖွလိုက်သည်။

ပန်းရိုင်းWhere stories live. Discover now