ဂျုယန်းပြည်သစ်

1.4K 189 25
                                    

(unicode)

ကောင်းကင်ပြာကြီးရဲ့အောက်မှာ
အဝါရောင်ဂယ်နာရီပန်းခင်းကြီးများဖြင့်
လှပနေသည့် ဂျုယန်းပြည်..........။

စစ်ပွဲပြီးသည့်နောက်မှစပြီး တိုးပွားလာသည့်
လူဦးရေနှင့်အတူ တိုးများလာတဲ့အိမ်များ။

ပြာလဲ့နေသော ကောင်းကင်ကြီးအောက်မှာ
ခမ်းနားစွာတည်ရှိတဲ့ဂျုယန်းရဲ့အလည်ဗဟို
ဂျွန် နန်းတော်မှာတော့ ကလေးတစ်ယောက်ရဲ့
ရီသံဖြင့် ပြည့်နှက်လျက်ရှိသည်။

“ခ်ခ်!”

“ပျားရည်လေးကို ....အာ ဘွား!”

ရေချိုးထားကာစမို့ အမွှေးနံ့သာနို့ရည်များဖြင့်မွှေးကြိုင်နေသည့် ပျားရည်လေးအား အရှင်မှမွှေးကြူနေခြင်းဖြစ်သည်။

“မင်းမျက်လုံးက ငါနဲ့တူတာ...နူတ်ခမ်းကမင်းပါပါးနဲ့”

လက်ညိုးလေးဖြင့် မျက်လုံးလေးနဲ့နူတ်ခမ်းလေးအားဖွဖွလေးထိတွေ့နေသည်။
နန်းဆောင်ထဲမှာ သားအဖနှစ်ယောက်မွှေးကြူရင်းဖြင့်အလုပ်‌ရူပ်နေကြသည်။

“အင့် ဟင့်!”

မျက်နှာလေးငိုမဲ့မဲ့ဖြစ်လာသည့်ပျားရည်လေးကြောင့်အရှင်က ပျာပျာသလဲဖြင့်......

“ဘာလို့လဲ ဘာလို့လဲ! ဖေဖေ့ကိုပြော!”

“ပါ...ပါး”

မပီတပီဆိုလာသည့်စကားကြောင့် စိတ်ပူရာမှပြုံးမိသွားသည်။လတ်စသတ်တော့ သူ့ပါပါးကိုတွေ့ချင်နေတာပဲ။

“ဒါဆိုလည်းတူတူသွားကြရအောင် !”

ပျားရည်လေးအားပွေ့ချီပြီးနောက် ဆော့ဂျင်ရှိရာသို့ထွက်လာခဲ့သည်။
လက်ထပ်ထိမ်းမြားပြီးသည်မှစ၍ ဆော့ဂျင်ဟာအားသည့်အချိန်တိုင်း ဗျက်စောင်းတီးလေ့ရှိသည်။ ဆော့ဂျင်ကဗျက်စောင်းတီးလျှင် အရှင်ကပုလွေမူတ်ပြသည်။
သူတို့ရဲ့ပျားရည်လေးကတော့ ဒန်းပေါ်မှ
လက်ခုပ်တီးကာ အားပေးသည်။

ဥယာဉ်တော်သို့ရောက်သည့်နှယ် ဗျက်စောင်းဖြင့်ဒန်းပေါ်၌အလုပ်ရူပ်နေသည့် ဆော့ဂျင်ကို
မြင်လိုက်ရသည်။ကြိုးများညှိရင်း နူတ်ခမ်းကလည်း‌စူနေသေးသည်။
ဒီကလေးလေး ဘာများဘ၀င်မကျပါလိမ့်။

ပန်းရိုင်းWhere stories live. Discover now