နာမည်ပေးကမွန်းတပ်ပွဲ

1.6K 199 33
                                    

(Zawgyi)
ပြာလဲ့နေတဲ့ကောင်းကင်ကြီးအောက်
ခမ်းနားလှသည့် အနီရောင်အပြင်အဆင်များဖြင့်တည်ရှိနေသည့် နာမည်ပေးကမွန်းတပ်ပွဲ။

ဂျုယန်းရဲ့အရှင်သခင်ဂျွန်ဂျောင်ဂုနှင့် အရှင့်အပိုင်ဂျွန်ဆော့ဂျင်တို့ရဲ့ တစ်ဦးတည်းသော
သားငယ် ပျားရည်လေးရဲ့ နာမည်ပေးပွဲ။

အပြာနုရောင် ရိုးရာဝတ်စုံဖြင့် ချစ်ဖို့ကောင်းနေပါသော ပျားရည်လေးဟာ ခန်းမရဲ့အလယ်ဗဟို၌ထိုင်နေသည်။ဘေးတစ်ဖက်စီမှာတော့ ခမည်းတော်နှစ်ပါးအသီးသီးထိုင်နေကြသည်။

“အဆင်သင့်ဖြစ်ရင် စတင်ပါမယ်....”

ရာထူးအလိုက်ဝတ်ဆင်ထားသော ရောင်စုံအကျီများဖြင့် အမတ်များ၊ အထိန်းတော်များနှင့်အတူလူကြီးသားသမီးများမှာ စင်မြင့်အောက်တွင်အသီးသီးနေရာယူထားကြသည်။

ဂျုယန်းရဲ့ရိုးရာဟုခေါ်ဆိုအပ်သော ထုံးတမ်းဓလေ့အရ မင်းမျိုးနွယ်များအား အသက်သုံးနှစ်ပြည့်မှ နာမည်အစစ်အမှန်ကို ပေးအပ်ရသည်။ထို့အတူ.....အိမ်ရှေ့စံဟူသော ရာထူးပါတစ်ခါထဲပေးအပ်ရပြီးနောက် အရိုက်အရာဆက်ခံရန်အတွက် ကတိသစ္စာပြုရသည်။

“သားငယ်....”

“ဗျာ ဖေဖေ”

ပျားရည်လေးရဲ့ပါးအိအိလေးအားဆွဲဖိရင်း
အရှင်က မေးခွန်းတစ်ခုအားမေးမြန်းလိုက်သည်။

“သား‌ငယ်ကြီးပြင်းလာတဲ့ တစ်နေ့ကျရင်
ဖေဖေ့လိုမျိုး နေချင်လား....”

ပျားရည်လေးက အနည်းငယ်စဉ်းစားသွားဟန်။ထို့အတူ လက်ညိုးပုစိလေးအားနားထင်ကိုထောက်ကာ ထက်မံစဉ်းစားပြန်၏။

“လုပ်မယ်....သား ကြီးတဲ့အခါ ဖေဖေ့လိုမျိုး
အရှင်ဖြစ်ချင်တယ် ဖေဖေ!”

ဝမ်းသာလွန်းလို့အရှင့်ခမျာ မျက်ရည်တွေတောင်ဝဲတတ်သွားရသည်။အရှင်ငယ်စဉ်ကလည်းယခုလိုနေ့မျိုးမှာ ပျားရည်လေးလိုပဲ ခမည်းတော်အားပြောခဲ့သည် မဟုတ်လား။

“တော်တယ် ငါ့သားက....”

ခေါင်းလုံးလုံးလေးအားဖိနမ်းရင်း အရှင့်ရင်ထဲမျက်ရည်တွေအပြည့်ဖြင့် ငိုနေခဲ့ပါသည်။
ဒါကတော့.....၀မ်းသာလွန်းလို့ကျသည့်
မျက်ရည်များသာ ဖြစ်မည်။

ပန်းရိုင်းOpowieści tętniące życiem. Odkryj je teraz