ဘွဲ့နှင်းသဘင်

1.3K 178 53
                                    

(Zawgyi)

လတ်ဆတ်တဲ့လေပြည် တွေက ဖြည်းညင်းစွာရေချိုးဆောင်ထဲသို့ ရိုက်ခတ်လျက်။

အဆောင်အ၀မှ ပန်းအိုးထဲရှိပန်းပင်များဟာ
လေပြည်ခေါ်ဆောင်ရာ ယိမ်းနွဲ့နေပြီး
အငွေ့တထောင်းထောင်းထနေသော
ရေပူအေးကန်ကြီးထဲတွင်လည်း
နှစ်ယောက်သား ငြိမ်သက်လျက်။

“အရှင်”

ရှက်နေပုံရသည့် အရှင့်အပိုင်လေးအား
မျက်နှာလေးကိုအောက်ချထားပြီး နူတ်ခမ်းလေးကိုစူထားသည်။

“မရှက်ပါနဲ့အချစ်ရယ်....မင်းတစ်ယောက်ထဲရေချိုးရင် ကိုယ်စိတ်မချလို့ ရူးနိုင်တယ်”

ပြောပြောဆိုဆိုနှင့်ပင် အရှင်က ရေစက်အချို့အားလက်ခုပ်ထဲထည့်ပြီး သူ့ပခုံးအားပွတ်သပ်သည်။ ရှက်လို့တုန်သည်လား၊ လန့်လို့တုန်လူပ်သည်လား မသဲကွဲချေ။

တုန်တက်သွားတဲ့ဆော့ဂျင်ကိုယ်လေးအားထိန်းပြီး ရေစက်အချို့ဖြင့် ကျောပြင်အားပွတ်ပေးလိုက်သည်။

အမြင်ရိုင်းပေမယ့်လည်း ဒါဟာအနူးညံ့ဆုံးအထိအတွေ့တွေနဲ့ ဂရုစိုက်နေတယ်ဆိုတာ
သူတို့နှစ်ဦးထက် မည်သူမျှမသိနိုင်။

“ဆန်မုန့်လေးကြောင့် နေရထိုင်ရခက်နေလား
ဆော့ဂျင်”

“ဟင့်အင်း.....အရမ်းကန်တာကလွဲလို့
ဘာမှ မဖြစ်ဖူး အရှင်”

အခုမှအရှက်ပြေပုံရသည့် ဆော့ဂျင်ဟာ အရှင့်အားပြုံးရွှင်စွာပြောပြသည်။
ညတိုင်း ဗိုက်ထဲတိုးဝှေ့ကာ ကန်နေသည့်
ဆန်မုန့်လေးကြောင့် တချို့ညတွေအိပ်မရသော်လည်းအရှင်က ညလုံးပေါက်ချော့သိပ်ပေးပါသည်။

“ထွက်လာရင် အရမ်းဆော့မယ့်ပုံပဲ”

ပခုံးလေးအား အနည်းငယ်နိုပ်နယ်ပေးရင်း
အရှင်ကဆိုလိုက်သည်။အခုမှ အကြောပြေသွားပုံရတဲ့ဆော့ဂျင်ဟာ ခေါင်းလေးတငြိမ့်ငြိမ့်။

“အရှင်...”

ကျောပေးထားရာမှာအရှင့်ဖက်လှည့်လိုက်တော့
ချော်သွားမှာစိုးလို့ အရှင်က သူ့အားထိန်းပေးထားသည်။ထို့အတူ အရှင့်လက်ဝါးတွေမှာလည်း
သူ့ဗိုက်ပူပူလေးအား အုပ်မိုးလျက်။

ပန်းရိုင်းWhere stories live. Discover now