(Unicode )
“ဆော့ဂျင် ဆော့ဂျင်!”အရှင်ကဘယ်လောက်ခေါ်ခေါ် ဆော့ဂျင်ခမျာ'ဟွန့်'ဆိုပြီးနန်းဆောင်အတွင်းကို
နူတ်ခမ်းကြီးထော်ကာ၀င်သွားသည်။“အယ်....ကိုယ်ခေါ်တာကိုမထူးဖူး
ညကျမှတွေ့အုံးမယ်!”စိတ်ကောက်နေတဲ့ သူ့အပိုင်လေးကို ငေးရင်း
အရှင်ပြုံးနေမိသည်။အခုမှ ကြင်ခါစ
မောင်နှံလို စိတ်ကောက်နေရှာတဲ့ သူ့အပိုင်လေးဟာ သိပ်ကိုချစ်စရာကောင်းလှသည်။အရှင် တွေးရင်းပြုံးနေစဉ်မှာပဲ.....
“အရှင်!”
ရင်းနှီးနေတဲ့ခေါ်သံကြောင့် နောက်လှည့်ကြည့်လေတော့ အမတ်မင်နှင့်ဆုံသည်။
အမတ်မင်ကတော့ ယခုထိတိုင် သူ့ထံ
အမှုထမ်းရွတ်ဆဲ။
ညီမတော်နှင့်မေတ္တာရေငံနေတာ ရိပ်မိသော်လည်း အကိုပီပီမသိချင်ယောင်
ဆောင်ထားသည်။“ဘာများလဲ ယွန်ဂီ!”
“နန်းကျမယ်မယ် နေမကောင်းဖူးလို့ သိရပါတယ်အရှင်....”
အရှင်က မျက်မှောင်ကျုံ့ကာစဉ်းစားလိုက်သည်။နန်းကျမယ်မယ်ဟာ ဒဏ်ရာနဲ့ယခုထိတိုင်ရှင်သန်နေရင်း အဘယ့်ကြောင့် နေမကောင်းပါလိမ့်။
“ငါတို့သွားသင့်လား ယွန်ဂီ?”
အရှင်က မျက်၀န်းစူးရှရှဖြင့်အမတ်မင်အား
မေးမြန်းလေတော့......။“သွားသင့်ပါတယ် အရှင်....”
“ကောင်းပြီလေ၊သွားကြတာပေါ့”
ရွှေအိုရောင်နဂါး၀တ်ရုံကိုတစ်ချက်ဖြန့်ကာ
အမတ်မင်နှင့်အတူ နန်းဆောင်မှ ထွက်ခွာ
လာခဲ့သည်။မနက်ဖြန်ဆိုတာ မသေချာနေတဲ့ မယ်မယ့်ကိုတော့နောက်ဆုံးခရီးလေး သေချာပို့ပေး
လိုက်ပါအုံးမည်။ဒါ...ဂျုယန်းအရှင်ရဲ့ချွေးတစ်စက်မျှသော
စေတနာလေးပါပဲ။####
“မင်းအဖေကလေ ငါတို့သားအဖကို
ငြိုငြင်နေပြီသိလား!”ဖင်ထိုင်နေပြီဖြစ်တဲ့ ပျားရည်လေးကို
ကြည့်ရင်း ဆော့ဂျင်စကားပြောနေသည်။
ပျားရည်လေးမှာလည်း ပျားရည်လေးဆိုသည့်အတိုင်း လက်ထဲတွင် ပျားရည်မုန့်လေးအားတမြုံ့မြုံ့ဝါးကာ ဆော့ဂျင်ပြောသမျှကို
ပြူးတူးတူးဖြင့် ကြည့်နေရှာသည်။
YOU ARE READING
ပန်းရိုင်း
Fanfiction"ပန်းလေးတစ်ပွင့်ခူးမိတယ် ဘာဖြစ်လို့လွှင့်လိုက်တယ်။ သူ့ရဲ့နှလုံးသားဟာသိပ်ရိုင်းတယ်" "ပန်းတစ်ပွင့်နဲ့ မောင့်အချစ် မယုံမရှိနဲ့ သိပ်ရိုင်းတယ်" Cover crd 22.august.2021>>Rank 1 🌸 23.august.2021>>Rank2 🌸