အတိတ်ရဲ့အဆိပ်

1.7K 230 27
                                    

(zawgyi)

"သားငယ် ဂျင်းနီ....မေမေ့တို့ဆီလာပါအုံး"

"ဟယ် မေမေ!"

စိမ်းစိုနေတဲ့တောင်းကုန်းထက်ရှိ လှပတဲ့ချယ်ရီပင်အောက်မှာ မေမေကသူ့အားလက်ပြကာခေါ်နေခဲ့သည်။

"အင့်"

စောင့်ကြိုနေတဲ့မေမေ့ရင်ခွင်ထဲပြေးဝင်ပြီးနောက်အားရပါးရဖက်ထားမိသည်။
မေမေဟာ အရင်လိုကြာဖြူရနံ့နဲ့ ဆွဲဆောင်ဆဲ။

"မေမေ သားဆီပြန်လာပါလားဟင်....သားလေ မေမေတို့ကိုအများကြီးသတိရနေတာ"

မျက်ရည်တွေရွှန်းစိုနေတဲ့မျက်ဝန်းအရ သူဟာမေမေ့ကိုလွန်စွာတမ်းတနေမိသူ။

"လာချင်တာပေါ့သားရယ်....သားလေး
လိမ်လိမ်မာမာနေနော်၊ အစားလည်းပုံမှန်စားပြီးကျန်းမာရမယ်နော်"

"ဟင့်အင်း ဟင့်အင်း ဂျင်းနီက မေမေပြန်လာမှလိမ်မာမှာ....မေမေရယ် ဂျင်းနီနဲ့ပြန်လိုက်ခဲ့ပါနော်ဂျင်းနီလေ ဟိုမှာမေမေ့ကို-"

ဖက်ထားသည့်သားအမိနှစ်ယောက်ကြား
တိုးဝင်လာတဲ့ လေမုန်တိုင်းတွေ။
ပြင်းထန်သထက် ပြင်းထန်လာတဲ့ လေမုန်တိုင်းက သူ့ကိုရှောင်ကာ မေမေ့အားတိုက်ခတ်သည်။

'ဝှီးးးဝှီးးးး'

"မေမေ.....ဂျင်းနီ နဲ့လိုက်ခဲ့နော် လာမေမေ!"

"သွားတော့ ဂျင်းနီ....မေမေ့ကိုလာခေါ်နေကြပြီသွားတော့! !"

မေမေနဲ့သူ့ကြားဝင်ရောက်လာတဲ့လေမုန်တိုင်းကြောင့်သားအမိနှစ်ယောက်ဝေးသထက် ဝေးကြလေသည်။ လက်ကမ်းလည်းမမှီသလို မျက်လုံးများတောင်ဝေ ဝါးလာရသည်။

"အားးး မေမေ! မေမေ ဂျင်းနီဆီပြန်လာခဲ့ပါ!!"

"အားးးး မေမေ!!!"

လန့်နိုးလာတဲ့မျက်လုံးအစုံနဲ့အတူ
ကြောက်လွန်းလို့တုန်ရီနေတဲ့ နူတ်ခမ်းတွေ။

သြော်....ဒါဟာအိမ်မက်တစ်ခုပဲ။

"ဆော့ဂျင်....သက်သာရဲ့လားဟင်"

ဘေးနားကိုကြည့်တော့အရှင်က ပြာရီနေတဲ့
နူတ်ခမ်းနဲ့သူ့ကို စိုးရိမ်စွာမေးသည်။
ဘာမှမပြောပဲ အရှင့်ရင်ထဲဝင်ကာ ရိုက်ကြီးတငင်ငိုချမိသည်။

ပန်းရိုင်းWhere stories live. Discover now