တကျီကျီအော်မြည်နေသော် ကျေးငှက်များဝဲပျံနေသည့်ကောင်းကင်ကြီးကို မော့ကြည့်မိသည်။
အင်း အရှင်ခရီးသွားတာ ဒီနေ့ဆို
သုံးရက်ပြည့်ပြီ။
နယ်နမိတ်ပြသာနာဖြေရှင်းမယ်ဆိုပြီး
ဂျုယန်းကထွက်သွားတာ သုံးရက်ရှိပြီ။"လွမ်းလိုက်တာ အရှင်ရယ်"
ရင်ထဲနင့်နေတဲ့ဒီအလွမ်းတွေ သုံးရက်ထက်မပိုချင်တော့ဖူးအရှင်၊ အရှင့်ရဲ့အနမ်းတွေနဲ့
အရှင့်ကိုယ်သင်းနံ့တွေကို သိပ်လွမ်းလှပြီ။မိုးလင်းတာနဲ့ အရှင့်ရင်ခွင်ထဲကနိုးထတဲ့
ရက်တွေ၊ နေဝင်တာနဲ့အရှင့်ရင်ထဲတိုးဝင်ခဲ့တဲ့
အချိန်တွေ ကျွန်တော်အရမ်းလွမ်းတယ်။အရှင်ရော လွမ်းနေရဲ့လား။
ကျွန်တော့်ကို သတိရပါရဲ့လားအရှင်။
ခိုဖြူတွေနဲ့စာလွှာပါးနိုင်ရင် ကျွန်တော်ရေးတဲ့စာတွေအရှင့်ဆီမှာ စပါးကျီလိုပုံရောပေါ့အရှင်ရယ်၊"ဟူးးး "
သက်ပြင်းချပြီး လှည့်အထွက်မှာပဲ
သူ့ကိုစူးစိုက်စွာကြည့်နေသည့်မျက်ဝန်းနဲ့
ဆုံသည်။"ကချေသည်..."
ထိုသူကတော့အခြားမဟုတ်။မိဖုရားပင်ဖြစ်သည်။ သူ့ဖက်က မုန်းတီးလိုစိတ်မရှိပေမဲ့
မျက်မုန်းကျိုးနေတဲ့မိဖုရားက သူ့အား
ခနဲ့သည့်စကားနှင့်ရမယ်ရှာပြီ။"မဂ်လာပါ မိဖုရားယွမ်
တွေ့ရတာဝမ်းသာပါတယ်။
ကျွန်တော်က ကချေသည်မဟုတ်ပါဖူး
ကျွန်တော့်နာမည်က ကင်ဆော့ဂျင်ပါ
တစ်နည်းအားဖြင့် အရှင့်~~အပိုင်ပေါ့"ပညာရှိနည်းနဲ့တုန့်ပြန်လိုက်ပြီးနောက် ထိုနေရာမှလှည့်ထွက်ခဲ့သည်။ သူ့အနေနဲ့ မိဖုရားရဲ့မျက်နှာအတွက်အချိန်မပေးချင်၊
အရှင့်ကိုလွမ်းတဲ့တစ်မူန်စာလောက်တောင် အရေးမကြီးတဲ့မယ်မယ့်ကို
သူစိတ်ထဲမထည့်ပါ။"တောက်!! ဒင်းကများ!"
ဒေါသမီးတွေဝိုင်းနေတဲ့မိဖုရားက ငယ်ငယ်လေးနဲ့အင်မတန် ဒုက္ခများလွန်းသည်။
နုနယ်တဲ့မျက်နှာပျိုနဲ့ မလိုက်ဖတ် နေရာကို
မက်မောကာ အရှင့်ကိုလက်ဆတ်ခဲ့ခြင်း။
![](https://img.wattpad.com/cover/281669625-288-k498549.jpg)
DU LIEST GERADE
ပန်းရိုင်း
Fanfiction"ပန်းလေးတစ်ပွင့်ခူးမိတယ် ဘာဖြစ်လို့လွှင့်လိုက်တယ်။ သူ့ရဲ့နှလုံးသားဟာသိပ်ရိုင်းတယ်" "ပန်းတစ်ပွင့်နဲ့ မောင့်အချစ် မယုံမရှိနဲ့ သိပ်ရိုင်းတယ်" Cover crd 22.august.2021>>Rank 1 🌸 23.august.2021>>Rank2 🌸