အလိုကျသိတဲ့ သူတို့

1.2K 180 22
                                    

(Zawgyi)

တဖြည်းဖြည်းကျော်လွန်လာတဲ့နေ့ရက်များကြားဆော့ဂျင်ရဲ့ဗိုက်လေးမှာလည်း ဖွားမြင်ခြင်းသို့နီးကပ်လာလေသည်။

ဖွားမြင်ခါနီးလေ အသွားအလာပိုဆင်ခြင်
ရလေ ဖြစ်ပြီး အနေအထိုင်ကအစ အစားအသောက်အဆုံး ဂရုစိုက်ရသည်။

ဆော့ဂျင်ကတော့ လွပ်လပ်စွာစိတ်ကိုပေါ့ပါးထားပေမယ့်လည်း စိတ်မအေးနိုင်သူမှာ
အရှင်ဖြစ်သည်။တစ်နေ့တစ်ခြား အချိန်မလပ် သူ့အနားနေရင်းအမူအရာတွေကအစ မျက်စိတစ်ဆုံးလိုက်ကြည့်နေပါသည်။

“ဆော့ဂျင် တစ်ခုခုဆို ပြောနော်!”

“ဆော့ဂျင် ဘာစားချင်လဲ”

“ဆော့ဂျင် ဘာလုပ်ချင်လဲ”

ဒီမေးခွန်းတွေဟာ မျက်လုံးနှစ်လုံးပွင့်သည်မှစ၍ဆော့ဂျင်အတွက် ပုံအောနေသည်။
သူက “ရပါတယ်”လို့ပြောရင် အရှင်က
“ဟုတ်လို့လား”ဆိုသော အကြည့်ဖြင့်။

ကိုယ်ဝန်ကြောင့် နေရခက်သော်လည်း အရှင့်အမူအရာတွေကိုကြည့်ရင်း စိတ်အပန်းပြေရသည်။အရှင်က သူ့ကိုသိပ်ချစ်သည်မဟုတ်လား။

အိပ်မပျော်လျှင် ချော့သိပ်မည်။
စားချင်တာရှိရင် ချက်ချင်းဝယ်ကျွေးမည်။
အရှင်က....ထိုကဲ့သို့သော သူ့အားအလိုက်သိသူတစ်ဦးဖြစ်ပေသည်။

####
“ပါးပါး”

“ဝေ”

ဥယာဉ်တော်ထဲက ထိုင်နေကျဒန်းလေးမှာပဲ
ဆော့ဂျင်နှင့်တူတူ ပျားရည်လေးတို့ ထိုင်နေကြသည်။ ဆော့ဂျင်ကတော့ အကျီထက်က ဖောင်းထွက်နေတဲ့ဗိုက်လေးပေါ် လက်တင်ထားသလို တစ်ဖက်ကလည်း ပျားရည်လေးရဲ့ဆံနွယ်များကိုဖွလျက်။

“ဆန်မုန့်လေး ဘယ်တော့ထွက်လာမလဲဟင်”

“ပါးပါးလည်းမသိဖူးလေ...မကြာခင်တော့
ထွက်လာမှာပါ ၊ ထွက်လာခါနီးပါပြီ”

“ဆန်မုန့်လေးရေ...အစ်ကိုတော်စောင့်နေတယ်နော် မြန်မြန်ထွက်လာနော် သိလား
မိုးနတ်မင်းကိုပြောပြီးမြန်မြန်ထွက်လာနော်!”

ဗိုက်အနားကိုကပ်ကာ နူတ်ခမ်းလေးချွန်ပြီး
စကားပြောနေသည့် ပျားရည်လေး။သူကတော့ သားဖြစ်သူကိုကြည့်ရင်း ရီနေလေသည်။

ပန်းရိုင်းWhere stories live. Discover now