အလိုလိုက်တဲ့အရှင်

2.1K 268 29
                                    

မနက်ခင်းနေရောင်ခြည်လေးမှာ
အရှင့်နန်းဆောင်ထဲဖြာကျပြီးလေပြည်နွေးနွေးတွေက အရှင်နဲ့သူ့အပိုင်ကြားတိုးဝှေ့နေသည်။

အရှင့်ရင်ခွင်ထဲ ငြိမ်သက်စွာ အိပ်ပျော်နေတဲ့
ဆော့ဂျင်တစ်ယောက် နေရောင်ကြောင့်မျက်စိစူးလို့ အရှင့်ရင်ထဲတိုးသထက်တိုးလိုက်သည်။

အလိုက်သိတဲ့အရှင်ကလည်း ရင်ခွင်ထဲအတင်းဝင်တိုးတဲ့ သူ့အပိုင်လေးကို အိပ်ချင်သော်ငြားပို၍ဖက်ထားပေးမိသည်။

"အင့်"

"ဘာလို့လဲ ကိုယ့်အပိုင်လေး"

ရင်ခွင်ထဲတိုးဝင်ပေမဲ့ တအင့်အင့်အသံထွက်နေတဲ့ ဆော့ဂျင်ကိုစိတ်ပူစွာမေးလိုက်မိသည်။
သူ့အမေးကိုဆော့ဂျင်ကရင်ခွင်ထဲကနေ
နူတ်ခမ်းကြီးစူကာပြောပြသည်။

"နေ....ထိုး...လို့"

အရှင်ကခပ်ဟ ဟရီပြီးနေထိုးနေတဲ့သူ့မျက်နှာလေးကိုလက်ဖြင့်ကာထားပေးလိုက်သည်။

ထိုမှသာ သဘောကျပုံရတဲ့ဆော့ဂျင်က ပြုံးကာအရှင့်ခါးတွေကိုတင်းကြပ်စွာဖက်ထားမိသည်။

အရှင့်ရဲ့ကိုယ်သင်းရနံ့ရသည်နှင့်တစ်ပြိုင်နက်
ဆော့ဂျင်ရင်ထဲပန်းဥယာဉ်လေးတစ်ခုထဲ
ရောက်သွားသလိုခံစားရမိသည်။

"နေစူးသေးလား အရှင့်အပိုင်လေး"

"ဟင့်အင်း အရှင်ကာထားပေးလို့မစူတော့ဖူး"

အရှင်က သူ့နဖူးပြင်လေးအားရက်ရက်ရောရောအနမ်းလေးတစ်ပွင့်ပေးပြီး ဖက်ထားလိုက်သည်။
နားထင်လေးကိုလျှာဖျားလေးနဲ့မထိတထိ
လာကစားတဲ့အရှင့်ကြောင့် ဆော့ဂျင်လေး
ရင်ဖိုမတတ်။

"ကောင်းကင်ပေါ်အထိတတ်ပြီး နေမင်းကို
တိမ်တွေအနောက်ပုန်းခိုင်းလိုက်ရမလား
ဒါမှမဟုတ် ကိုယ်တို့နှစ်ယောက် နေမင်းကြီးရှက်သွားအောင် ချစ်ပြလိုက်ရမလား...."

"အရှင်နော်"

အရှင့်ရင်ဘတ်လေးကိုလက်သီးသေးသေးလေးနဲ့ထုပြီးနူတ်ခမ်းကြီးစူပြလိုက်သည်။ အရှင်ကတော့သူ့ကိုဖက်ထားပြီးပြုံးနေဆဲ။

"အင့်"

ထုနေတဲ့လက်သီးဆုပ်လေးတွေကိုချုပ်လိုက်ပြီးနောက် ဆော့ဂျင်ကိုအုပ်မိုးလိုက်သည်။အူတူတူဆော့ဂျင်လေးကတော့ သူ့အား အရည်ကြည်ဖန့်နေတဲ့မျက်ဝန်းတွေနဲ့ငေးဆဲ။

ပန်းရိုင်းWhere stories live. Discover now