အဆုံးသတ်

1.5K 179 73
                                    

ငယ်ရွယ်မှုဘ၀လေးမှ တဆင့်
အိုမင်းသည်တိုင်အောင် ဒီကြယ်လေးကို
ငေးရင်း ဖြတ်သန်းလာခဲ့တာ......။

သက္ကရာဇ်တွေများ လှလိုက်တာ
လဲကျခဲ့တယ်၊ ယိုင်နဲ့ခဲ့တယ် ၊ပြိုလဲခဲ့တယ်။

ခြေမခိုင်လို့ အားလျော့ကာပြိုလဲတော့
အသံလေးက ဆေးဝါး
အပြုံးလေးက ခွန်အား
ပွေ့ဖက်မှုတွေဟာ အားအင်။
ဒီလိုနဲ့အိုမင်းချိန်ကို ဆရာတင်ကာ ဆက်ချစ်ကြရအုံးမည်။

.............

ပြာလွင့်နေတဲ့ ကောင်းကင်အောက်ရဲ့တစ်နေရာ။

အေးချမ်းလှတဲ့ဝါးရုံတောကြီးထဲက အိမ်ပုလေး
တစ်ခုတွင် နွေးထွေး‌စွာ ဖက်ထားကြသည့်
လူနှစ်ယောက်။

သစ်သားကွတ်ပျစ်လေးထက် နှစ်ယောက်သား
တူတူထိုင်ပြီး လက်များကိုနွေးနေအောင်ဆုပ်ကိုင်ထားကြသည်။

အရင်လို တင်းရင်းမနေပဲ လျော့တွဲလာတဲ့
အသားအရည်တွေဖြစ်နေလဲ ဆုပ်ကိုင်မြဲ
ဆုပ်ကိုင်ဆဲ။

“ဆော့ဂျင်”

“ဟုတ်ကဲ့ အရှင်”

အရင်လို ဆံနွယ်နက်နက်တွေမဟုတ်ပဲ ဆံပင်ဖြူများနေရာယူထားသည့် နဖူးပြင်လေးအား
လက်ဖြင့် ဖယ်လိုက်သည်။မြင်တွေ့လိုက်ရတဲ့
နဖူးပြင်လေးဟာ အရင်လိုဝင်းမွတ်ခြင်းများ
ပပျောက်ပြီး အရေးအကြောင်းများကြီးစိုးနေသည်။

“ကိုယ်တို့ မနက်ဖြန်ကျရင် ဂယ်နာရီပန်းခင်းဆီ
သွားရအောင်....”

“အရှင်အဲ့အထိ လျှောက်နိုင်ပါ့မလား”

အသက်ရလာသည်နှင့်အမျှ ဒူးမကောင်းတော့တဲ့
အရှင်ဟာ တဖြည်းဖြည်းနှင့်ဇရာက ပြလာသည်။
အသွားအလာလည်း မသွက်လက်တော့သလို
ခြေတစ်လှမ်းလှမ်းတိုင်း အားမရ။

“ရပါတယ်....ကိုယ်လဲကျရင် မင်းထိန်းပေးပေါ့!”

ထိုစကားကို ဆော့ဂျင်မှာ ခပ်ဟဟရီရင်း
အရှင့်ရဲ့ အရေးအကြောင်းပါးပြင်လေးအား
လက်ဖြင့်ဖိလိုက်သည်။

“မနက်ဖြန်ညနေသွားကြတာပေါ့....မနက်ကျရင်
သမီးနဲ့သား လာကြမှာတဲ့”

သမီးနဲ့သားဆိုမှ အတိတ်ကို တွေးမိသည်။
အသက်၂၀နှစ်ရှိသော သားငယ်ဟာ ယခုဆို
အားကိုးရတဲ့ ဂျုယန်းရဲ့အိမ်ရှေ့စံ တစ်ဦး။
အသက်၁၅နှစ်ရှိသော သမီးငယ်မှာလည်း
ဂျုယန်းရဲ့ ချယ်ရီနန်းဆောင်ရဲ့သခင်မ။

ပန်းရိုင်းWhere stories live. Discover now