ရောင်နီမျိုးနွယ်မွေးဖွားခြင်း

1.7K 241 26
                                    

“ဘာပြောတယ်!”

အံ့ဩလွန်းလို့ အရှင့်ပါးစပ်များအဟောင်းသား။
ထို့အတူ မျက်လုံးလည်းအပြူးသားပင်။

“ဟုတ်တယ်အရှင်.....အခုဆော့ဂျင်ပြန်လိုက်ခဲ့ရင် မယ်မယ် ဘယ်လိုကောက်ကျစ်အုံးမယ်ဆိုတာမပြောနိုင်ဖူး ၊ အဲ့တာကြောင့်....ပြန်မလိုက်ပါရစေနဲ့ အရှင်ရယ်”

ကြောက်ရွံ့နေတဲ့မျက်ဝန်းနဲ့ ဆော့ဂျင်ကဆိုသည်။
သူသာ ပြန်လိုက်သွားခဲ့ရင် မယ်မယ်ဘယ်နည်းနဲ့ကောက်ကျစ်အုံးမလဲ မသိနိုင်၊ ထို့အတူ မမွေးဖွားလာသေးတဲ့ ရင်သွေးကိုလည်း ဘယ်နည်းနဲ့မှအထိခိုက်မခံနိုင်။

“ကိုယ်က မင်းကိုလာခေါ်တာလေကွာ....မင်းကပြန်မလိုက်ဖူးဆိုတော့”

“‌သခင်လေးပြောတာ မှန်တယ်အရှင်၊ ကျွန်တော်ကလည်း သခင်လေးဘေးမှာရှိနေတာပဲလေဘာမှမစိုးရိမ်ပါနဲ့”

ကွမ်းက ၀င်ပြောသည်။ ထို့နောက် တိတ်ဆိတ်သွားတဲ့ သူတို့စကားဝိုင်းလေးမှာ လေပြည်တွေသာဝင်ကြီးစိုးသွားတော့သည်။

“အရှင်....ဆော့ဂျင်ကိုကြည့်”

အရှင့်ရဲ့လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီးဆော့ဂျင်မျက်ဝန်းတွေဆုံစေလိုက်သည်။ ထို့အတူ
ကွေးနေတဲ့နူတ်ခမ်းဖူးဖူးလေးက အရှင့်ပါးပြင်ကိုရွတ်ခနဲ မြည်အောင်နမ်းလိုက်လေရဲ့။

“ဆော့ဂျင်ကိုလွမ်းရင် ညတိုင်းလာတွေ့ပါ
ပြီးတော့.....ဂျုယန်းမှာ အရှင်မရှိလို့မဖြစ်ဖူးဆိုတာသိတယ်မလား။ ပျားရည်လေးမွေးပြီးတာနဲ့ဆော့ဂျင် အရှင်နဲ့တူတူပြန်လိုက်မယ်လေနော်..”

“ဒါပေမဲ့ ကိုယ်စိတ်မချ-”

အရှင့်နူတ်ခမ်းကိုလက်ညိုးရှည်ရှည်လေးနဲ့ တားဆီးလိုက်သည်။ ထို့အတူ ဆုပ်ကိုင်ထားတဲ့အရှင့်လက်ဖဝါးတွေကို ဗိုက်လေးပေါ်တင်ပြီး....

“ဆော့ဂျင်ကိုမယုံဖူးလား....
အရှင့်အပိုင်လေးကပျားရည်လေးကို
သေချာစောင့်ရှောက်မယ်လေ”

ခွေးပေါက်လေးလို မျက်လုံးတွေနဲ့ အရှင့်အား
ချွဲနေပါသော အရှင့်အပိုင် လေးပါ။
ထိုမှသာ အရှင်က နှစ်ခြိုက်စွာပြုံးပြပြီး....

ပန်းရိုင်းWhere stories live. Discover now