ဂျုယန်းရဲ့သဲမိုး

1.3K 218 33
                                    

နေ‌မင်းကြီးက ကောင်းကင်အလယ်မှာ
ဝင့်ကြွားစွာ ရပ်တည်နေသည်။
လေပြည်တွေနှင့်အတူ တစ်စတစ်စ ကပ်ပါလာတဲ့သဲမူန်များလည်း ရှိလေသည်။

ဒီနေ့.....ဒီနေ့ဟာ ဂျုယန်းရဲ့စစ်ပွဲနေ့။

“ချီတတ်ဖို့ အဆင်သင့်ပါပဲ အရှင်!”

သံချပ်ကာဝတ်စုံဝတ်ထားသည့် အမတ်မင်က
ဆိုသည်။ ရွှေရောင်ဆံနွယ်များကို စည်းထားတဲ့အမတ်မင်ဟာ စစ်ဝတ်စုံနှင့် သိပ်ကိုကြည့်ကောင်းပါသည်။

“စစ်ချီတေး!!”

အရှင့်အမိန့်ဆုံးသည်နှင့်တစ်ပြိုင်နက် စစ်ချီတေးသံထွက်ပေါ်လာသည်။ ဗုံတွေနဲ့အတူးတီးခတ်နေတဲ့စစ်ချီတေးသံကြား ဂျုယန်းရဲ့လမ်းမအတိုင်းနယ်စပ်ကို ချီတတ်လာခဲ့သည်။

နဂါးရုပ်ထွင်းထားသည့် သံချပ်ကာဝတ်စုံနှင့်အတူလက်စွဲတော်ဓား အနက်ရောင်မှာထွင်းထားပြန်သည့် နဂါးရုပ်။

နက်မှောင်လှတဲ့ဆံနွယ်ရှည်တွေကို အနောက်သို့စုစည်းထားပြီး ရွှေရောင်နဂါးရုပ်ထိုးထားသည့်အနက်ရောင် နဖူးစည်းကို ပတ်ထားသည်။

တန်းနေတဲ့မျက်ခုံးနှစ်စုံက မဲနက်နေသလို
မထူမပါးနူတ်ခမ်းလေးကလည်း တင်းနေအောင်စေ့ထားသည်။
ထို့အတူ နေရောင်ကြားထင်းနေသည့်
အရှင့်လက်ကောက်ဝတ်မှ လက်ပတ်အနီရောင်လေး။

ထိုသူဟာ....အခြားမဟုတ်၊ နေရောင်နှင့်အပြိုင်တောက်ပပြီးဇာမဏီငှက်လို
ပျံသန်းမည့်ဂျုယန်းရဲ့အရှင်ပင်ဖြစ်သည်။

“အားလုံးကို ငါမှာစရာရှိတယ်!”

အရှင့်အသံကိုအရိုအသေပေးကာ ခေါင်းငုံ့လျက်နားထောင်ကြသည်။

“ဒီနေ့ နေ၀င်တာနဲ့ ငါတို့တွေအိမ်ကိုအရောက်ပြန်ရမယ်ဆိုတဲ့ တိုက်ကြရမယ်၊ အဆုံးမရှိတဲ့စစ်ပွဲကို ငါတို့လက်နဲ့ကိုယ်တိုင်အဆုံးသတ်ပေးမယ်။အဲ့တာကြောင့်.....တတ်နိုင်သမျှ အသက်ကိုပြင်းထားပြီး အကောင်းဆုံးငါတို့တိုက်ကြရအောင်!!”

“ဟုတ်ကဲ့ အရှင်၊ အမိန့်တော်အတိုင်းပါ!!!”

အရှင်က နှစ်ခြိုက်စွာပြုံးလိုက်သည်။
ထို့အတူ အမတ်မင်အပါတပ်သားများလည်း
ပြုံးလိုက်သည်။

ပန်းရိုင်းWhere stories live. Discover now