နွေလယ်ညရဲ့လမင်း⛔

2.1K 214 11
                                    

(Zawgyi )
ချမ်းစိမ့်စိမ့် နေလေညှင်းမှာ ပန်းဥယာဉ်မှ
တဆင့်နှင်းဆီပန်းရနံ့များကို သယ်ဆောင်ကာဂျုယန်းနန်းဆောင်များထံ လှည့်ပတ်သည်။

ဖြာကျနေတဲ့နေရောင်ခြည်မှာ မဆိုသလောက်နွေးထွေးသော်လည်း လေပြည်တွေက အေးစက်စက်နိုင်လှသည်။

“တူ....ဝါးး”

ပန်းဥယာဉ်အတွင်းရှိ ကျောက်သားပလ္လင်ပေါ်ထက် ဆော့ကစားနေကြတဲ့ ဆော့ဂျင်တို့သားအဖ။
လေယူရာအတိုင်း ပန်းပင်များနှင့်အတူ သူတို့ရဲ့ဆံနွယ်များမှာလည်း ယိမ်းနွဲ့လျက်။

“ဒီတစ်ခါ ပါပါးအလှည့်”

ဆော့ဂျင်ရဲ့မျက်စိကိုလက်ဖြင့်ပိတ်လိုက်ကာ
နူတ်ခမ်းလေးထော်ပြီး ပျားရည်လေးကနမ်းလိုက်သည်။ထိုမှအညာမိသွားတဲ့ဆော့ဂျင်က....

“ဟာ...လူလည်လေး ခိုးနမ်းတယ် ကြည့်စမ်း!”

“တူ....ဝါးး ခ်ခ်”

ထိုမှသာတခ်ခ်ဖြင့် သူ့ကိုရီပြနေတဲ့ပျားရည်လေးရဲ့ပါးနှစ်ဖက်ကို လက်ဖြင့်ဆွဲညှစ်လိုက်သည်။ပါးအိအိလေးခမျာ ဆန်မုန့်လေးအတိုင်းပျော့အိအိဖြင့် ကိုင်လို့ကောင်းလှ၏။

“နှင်းဆီပန်းတွေမှာ ဆူးရှိလား ပါးပါး”

“အင်း ရှိတယ်”

ပျားရည်လေးအား ရင်ခွင်ထဲထည့်ရင်း
သူကဆိုလိုက်သည်။

“ဆူးမိရင် နာမှာပေါ့နော်...”

ရင်ခွင်ထဲမှ နူတ်ခမ်းလေးထော်ကာ မေးသည့်
အသည်းအသက်လေးဟာ သိပ်ချစ်ဖို့ကောင်းလှသည်။အသဲယားလို့ နဖူးလေးကိုငုံ့နမ်းရင်း....

“ဒါပေါ့ ပျားရည်လေးရဲ့...အူးမွ”

“ဟွန်း....နှင်းဆီတွေကိုဆူးပျောက်အောင်
ဘယ်လိုလုပ်ပေးရမလဲဟင် ပါးပါး”

ရင်ခွင်ထဲမှထွက်ကာ သူနှင့်မျက်နှာချင်းဆိုင်
လိုက်သည်။ထို့နောက် ပျားရည်လေးရဲ့ပါးဖောင်းဖောင်းလေးအား တစ်ချက်ညှစ်ပြီးနောက်...

“ချစ်တဲ့စိတ်နဲ့မြင်ပေးလိုက်....ဒါဆို ဆူးတွေကိုအန္တရာယ်လို့ မမြင်မိတော့ဖူး”

ပန်းရိုင်းWhere stories live. Discover now