မင်းမျိုးနွယ်

1.7K 230 38
                                    

"အရှင်!! မိုအင်းကိုလွှတ်ပေးပါ!! အရှင်ရေ!!"

မယ်မယ်ရဲ့အော်ဟစ်သံတွေနဲ့အတူ မြေအောက်ခန်းမှာ ဆူညံလျက်ရှိသည်။
အစောင့်တပ်သားများစွာ စောင့်နေသည့် မြေအောက်ခန်းက မယ်မယ့်တစ်ယောက်ထဲရဲ့ငရဲလို ဖြစ်လေ၏။

"အရှင်!! မိုအင်းကိုဒီလိုပိတ်ထားလို့မရဖူးလေ!!"

တဖြည်းဖြည်းနဲ့ ပိုမှောင်လာလေ ၊ မယ်မယ့်စိတ်တွေက တုန်လူပ်လာလေပါပဲ။
နိုင်ငံတော်ပုန်ကန်တယ်ဆိုတာလည်း
သူ့အနေနဲ့
ခမည်းတော်ခိုင်းထားတာကို ကူညီပေးရုံသက်သက်။

သူသိတာ....သူ့နေရာ၊
မယ်မယ်ဆိုတဲ့နေရာကို ဘယ်သူမှမပေးနိုင်။

"အရှင်!! အရှင် ...မိုအင်းကိုလွှတ်ပေးပါ"

သူမရဲ့အသံက မြေအောက်ခန်းမှတဆင့်
နန်းဆောင်များကိုပျံ့လွင့်သွားသည်။
သို့သော်....ကူညီဖို့တစ်စုံတစ်​ယောက်မျှ
ရောက်မလာခဲ့ပါ။

ကြောက်လို့ကျနေရမဲ့ မျက်ရည်တွေအစား
နူတ်ခမ်းကိုသာတင်းနေအောင် ကိုက်ထားသည်။
အသနားခံမျက်နှာဖြစ်နေရမဲ့ အစား
အတ္တကြီးစိုးသော မျက်နှာသာ ဖြစ်နေခဲ့သည်။

"တောက်ခ်!!! "

နူတ်ခမ်းထက်က စီးကျလာသော သွေးစက်တချို့နှင့်အတူ သူမရဲ့ အတ္တများကြောင့်
ခက်ထန်နေတဲ့ မျက်နှာ။

အတ္တကိုရှေ့တန်းတင်ခဲ့ပြီ။ သူမကိုယ်ကျိုးအတွက်ကြည့်ပြီး သူမအဆုံးထိ မိုက်မဲတော့မည်။

ထို့နေ့က မှောင်မိုက်နေတဲ့မြေအောက်ခန်းထဲ
ငြိမ်သက်သွားသည့် မယ်မယ့်အသံနှင့်အတူ
မပြီးဆုံးနိုင်သော အတ္တနှင့်လောဘများ။

###
"ဒီနှစ်မကုန်ခင်မှာပဲ စစ်ဖြစ်နိုင်တယ်
အဲ့တာကြောင့်..... တတ်နိုင်သမျှ စုဆောင်းထားပြီး ပြင်ဆင်ထားဖို့ ငါတိုက်တွန်းတယ်"

ညီလာခံရဲ့ အလယ်ဗဟို ပလ္လင်ထက် အရှင်ကသြဇာငြိမ့်ညောင်းသော အသံဖြင့်
မိန့်ကြားသည်။
ထိုအမိန့်ကို ရာထူးအလိုက် တန်းစီကာထိုင်နေကြသည့်အမတ်များကလည်း ခေါင်းငြိမ့်သည်။

"စစ်ဖြစ်တဲ့အခါ ပြည်သူတွေရှောင်တိမ်းဖို့
ကင်းလွတ်ရာနယ်မြေတစ်ခုလောက်
ထားထားရင် ပိုမကောင်းဖူးလား အရှင်"

ပန်းရိုင်းWhere stories live. Discover now