EP.3

2.6K 145 42
                                    

Unicode...

ဖြည်းညှင်းစွာ လဲကျနေသွားသည့် နေ့မင်းသစ်၏ ပုံရိပ်ကို ကျိုးစစ် အပေါ်စီးမှ ငုံ့ကာကြည့်နေသည်။ စိုးရိမ်မှုအပြည့်ဖြင့် ဖုန်းမြန်ဆန်စွာဆက်‌နေလေသည့် ကောင်းကင်ဖြူကြောင့်လည်း နေ့မင်းသစ် မသေနိုင်သည်ကို ခန့်မှန်းမိသည်။ စံအိမ်တံခါးမှ အလောကြီးစွာဝင်လာသော Rayသည်လည်း နေ့မင်းသစ်ကို ထမ်းခေါ်ကာသွားတော့သည်။

ပျောက်ကွယ်သွားသည့် ပုံရိပ်များကို ကျိုးစစ် လိုက်ကြည့်ရှူရင်း အိမ်ကြီးထဲ၌ ကျိုးစစ်ရယ် အသက်ကြီးကြီးအိမ်တော်ထိန်းရယ်သာ ကျန်ခဲ့သည်ကို သိလိုက်ရသည်။ ကျိုးစစ် တပ်ဆင်ထားသည့် စီစီတီဗီများမမြင်သည့် အကွယ်၌ တိတ်တခိုးပြုံးကာ သူ၏ အခန်းသို့ဝင်သွားသည်။

သာမန်ဆန်သော အခန်းသည် ဈေးကြီးပေ့၊ ကောင်းပေ့ ဆိုသည့် အဆင်တန်ဆာများဖြင့် အလှဆင်ထားသည်။ ထွက်ပြေး၍ မရအောင် ပြတင်းပေါက်ရှိ သံချောင်းများသည်လည်း စီစီရီရီသာ..။ လိုက်ကာကို ဖွင့်၍ ကြည့်လိုက်သည့်အခါ ခြံအပြည့်အစောင့်များသည်လည်း ပုံစံမပျက်ယွင်းဘဲ စီရီစွာ သတိအပြည့်ဖြင့် စောင့်ကြပ်နေ‌လေ၏။

တခါတရံ ကျိုးစစ် အခန်းသို့ ကြည့်နေသည့် သူများလည်းရှိသေးသည်။

လိုက်ကာကို ပိတ်၍ ကျိုးစစ် ရယ်မိသည်။
ထိုအခန်း၌ စစချင်းရောက်ကာစမှာ လိုက်ကာနောက်ရှိ ခိုင်ခံလှသော သံတိုင်းကြီးများကို မြင်ပြီး အံဩမိသွားသေးသည်။ ပို၍အံဩရသည်မှာ သေနတ်များကိုင်ထားသည့် ရာချီနေသည့် အစောင့်များကြောင့်ဖြစ်လေ၏။

နေ့မင်းသစ်ဆိုသူသည် သူ့ကို သိပ်အထင်သေးလွန်းသည်ဟု မြင်သည်။ သူသာ ထွက်ပြေးချင်လျှင် ၄သံတိုင်ကြီးများကို ရိုက်ချိုးပြစ်ရန် 5မိနစ်ခန့်သာ အများဆုံးကြာပေမည်။ ဒီထက်ပိုလွယ်သည့် နည်းလမ်းမှာ ဖုန်းတစ်ချက်ဆက်ရုံမျှသာ..။

ကျိုးစစ် ‌ရေချိုးခန်းထဲသို့ ဝင်ကာ ဖွတ်ထားလေသည့် ဖုန်းကို စက်ပြန်ဖွင့်ရသည်။ ၄နှစ်နီးပါး ဒီစံအိမ်ကြီးမှာနေခဲ့သော်လည်း ကျိုးစစ်တွင် ဖုန်းရှိမှန်း သိပ်တော်လှသည့် နေ့မင်းသစ်သည် မရိပ်မိခဲ့ချေ။

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Onde histórias criam vida. Descubra agora