EP.23

556 22 2
                                    

Unicode..

(Sana.. ငါ ၃ပတ်အတွင်း သူ့အကြောင်းသိချင်တယ်)

(အဆင်ပြေပါတယ် သခင်.. အခုရက်ပိုင်း သခင်နောက်လိုက်နေတဲ့ လူတွေတွေ့ရတယ်..)

(ကျစ်.. တက်နိုင်ရင် ရှင်းပြစ်လိုက် အဲ့လိုအသေးအမွှားတွေကို စိတ်ရှုပ်မခံနေနဲ့.. လုပ်ငန်းကရော ဘယ်လိုလဲ အဆင်ပြေလား)

(ဟုတ်ကဲ့သခင်.. လုပ်ငန်းတွေအားလုံးအဆင်ပြေပါတယ်။)

(တက်နိုင်သမျှ ကိစ္စ‌တိုင်းကို မြန်မြန်ပြီးအောင်လုပ် ဒါဘဲ Sana..)

နေ့ ဖုန်းတစ်ဖက်ရှိ တုန့်ပြန်သံကိုမစောင့်တော့ဘဲ laptop သို့သာ အာရုံစိုက်လိုက်တော့၏။ နေရာကျယ်ကျယ် လူပျက်သည့် ဂိုထောင်ဟောင်ကြီးတွေ၊ ခြံပုံတွေမှာ စခရင်နှင့်အပြည့်.. လက်ချောင်းများကို နေ့အမြန်လှုပ်ရှားလိုက်ကာ.. Rနိုင်ငံ၏ ဈေးကွက်ဆီသို့ ၀င်ရောက်ခြေနင်းလိုက်၏။ ချက်ချင်းပင်.. နေရာတွေမှာ တူသလိုလိုရှိသော်လည်း ပြောင်းလဲသွားသည်မှာတော့ ဂဏန်းတွေနောက်မှာတိုးလာသည့် သုံညအရေအတွက်ဖြစ်၏။ ခန်းနားသောအိမ်၊ သာမန်ဆန်သောအိမ်၊ ရှုပ်ထွေးသောခြံ၊ သေးငယ်သောခြံနှင့်မြောက်များစွာရှိပြီး ဆိုင်ကယ်ရပ်ယုံမျှ မြေဧကတောင် သိန်း၃သောင်းခန့်အနည်းဆုံးပေးရပေမည်..။

ဒုတိယဂိုဏ်းတော်တော်များများတောင် အနားမကပ်နိုင်သည့် Rudeness country (Rနိုင်ငံ) လိုနိုင်ငံမျိုးရှိ နေရာကွက်ကွင်းများကို နေ့သည်တော့ ဈေးနှုန်းများကို မမြင်သလိုနှင့် ပုံများကိုဂျီးများနေမိ၏။ Rudeness country ရှိ အိမ်များ၊ စံအိမ်များသည် ‌အနောက်ဘက်သို့ မျက်နှာမှုကာဆောက်ထားပြီး.. နိုင်ငံ၏ နေထွက်ရာဘက်မှာတော့.. ဩဇာအာဏာမြင့်မားသော နေလုံးကြီး၏ နေထွက်ချိန်တို့ကို တားမြစ်ထားသော တောင်တန်းကြီးရှိ၏။  Rudeness countryတွင် မနက်ပိုင်းအချိန်တွင် ဗရုတ်သုတ်ခအကျဆုံးအချိန်ဖြစ်ပြီး နေ၀င်ဆည်းဆာတို့ ဖြန့်ကျက်လာသည်နှင့်အမျှ နိုင်ငံတစ်ခုလုံးသည် တိတ်ဆိတ်သွားသည်။ ထိုအချိန်တွင် ခိုးမှု၊လုမှု၊ သတ်ဖြတ်မှုတွေမရှိဘဲ.. သာမန်ဆန်သော အချိန်ဖြစ်ပြီး နေထွက်လာချိန်၌တော့ မကောင်းမှုများအစပြုရာဖြစ်သည်။ ထိုသည်မှာ Rudeness country ဟုစတင်ဖြစ်ပေါ်လာထဲမှ ကျင့်သုံးခဲ့သည့် ဓလေ့ဖြစ်၏။

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Where stories live. Discover now