EP.7

1.6K 94 7
                                    

Unicode

"ကျိုးစစ်! ငါပြောတာ မင်းနည်းနည်းလေးတောင် နားထောင်ရဲ့လား ဟမ်.."

ကျိုးစစ် ပျင်းရိစွာဖြင့် နေ့မင်းသစ်၏ အေးစက်စက်နောက်ကျောပြင်ကို မှုန်တေတေသာကြည့်နေတော့သည်။
စာကြည့်ခန်းထဲ ဆေးလိပ်မသောက်ရဟူသော နေ့၏ စည်းကမ်းကို ချိုးဖျက်စွာ ကျိုးစစ် ဆေးလိပ်ကို မီးညှိနေတော့သည်။

"မင်းအရင်လို တစ်ခြားသူတွေကို ထပ်ပြီး မြူဆွယ်နေပြန်ပြီ.. ကောင်းသန့်က ငါ့သူငယ်ချင်း မင်းရဲ့မာယာတွေကိုယုတ်သိမ်းလိုက်စမ်း..။"

"မြူဆွယ်တယ်? ငါက..။ ဟားဟား နေ့မင်းသစ်ရယ် မင်းက ရယ်စရာတွေသိပ်ပြောတက်တာဘဲ..။"

‌ကျိုးစစ်  နေ့၏ ကျောပြင်ကို မှုတ်ထုတ်လိုက်သော ဆေးလိပ်ငွေ့များကြောင့် မှုန်ဝါးလာသည်အထိ ကျိုးစစ် လှောင်ပြောင်သော အကြည့်ဖြင့် စိုက်ကြည့်နေ၏။

"ကျိုးစစ် စာကြည့်ခန်းထဲ ဆေးလိပ်မသောက်ရဘူး..!! အခုချက်ချင်း ချစမ်း..!!"

"မင်းလည်း သောက်တာဘဲလေ!!"

"‌ဒါ ငါ့စာကြည့်ခန်း ငါ့ဘာသာ သောက်တာ..!!"

"ဒါ ငါ့ပါးစပ် ငါ့ဘာသာ သောက်တာ မင်းအပူလား.."

တစ်ခွန်းမကျန်ပြန်ခံပြောနေသည့် ကျိုးစစ်ကြောင့် နေ့မင်းသစ် ခြိမ်းခြောက်သည့် အကြည့်ဖြင့် ကျိုးစစ်ကို တည့်တိုးစိုက်ကြည့်သည်။ ကျိုးစစ်သည် ကြောက်သွားမည့်နေနေသာသာ မခံချင်အောင် ဆေးလိပ်ကို ပို၍ရှိုက်ကာ နေလေ၏။

နေ့မင်းသစ် ကျိုးစစ် လက်ထဲမှ ဆေးလိပ်ကို လုယူလိုက်ပြီး ပြာခွက်ထဲ၌ ဖိချေလိုက်၏။

"ကျိုးစစ်! မင်းသောက်တာ ငါ့ဆေးလိပ်။ မင်း ထိုင်နေတာ ငါ့ဆိုဖာ မင်းနေနေတာ ငါ့အိမ်.. အဲ့တာကြောင့် ငါ့စကားနားထောင်.."

ကျိုးစစ် ပြာခွက်ကို အငြိုးမပြေစွာကြည့်ပြီး ခြေထောက်ချိတ်ထိုင်ကာ မေးထောက်၍ အထက်စီးက ငုံ့ကြည့်နေသည့် နေ့မင်းသစ်ကို မော့ကြည့်လိုက်သည်။

"နေ့မင်းသစ်! မင်းရပ်နေတာ ငါ့အရှေ့မှာနော် စကားပြောဆင်ခြင်စမ်း..။ အမိန့်ပေးသံနဲ့ပြောရအောင် မင်းကိုယ်မင်း ဒယ်ဒီမိန်းမထင်နေလား..!"

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Where stories live. Discover now