EP.11

1.1K 86 6
                                    

Unicode..

ရီဝေဝေဖြစ်နေသည့် နေ့သည် အာလေးလျှာလေးဖြင့် ပြောချင်ရာပြောနေသည်ကို စစ်အဖက်မလုပ်ပါ။ ထိုသို့သူမျိုးကို စစ် မြင်ဖူးသည်မှာ ရာဂဏန်းလောက်ရှိနေလောက်ပါပြီ။ ထို့ကြောင့် ‌စစ်တို့ကို ဝိုင်းထားသည့် သူများကိုသာ အာရုံစိုက်လိုက်၏။ ဝိုင်းထားသူများထဲ ခေါင်းဆောင်ဖြစ်ဟန် တူသည့်သူမှာ အရှေ့အနည်းငယ်ထွက်၍ စကားဆိုလိုက်၏။

"စစ်.. စိန်ကို ငါတို့လက်ထဲပြန်ထည့်ပေး ပြီးရင် ‌သခင်လေးနဲ့လိုက်တွေ့ မင်းကို ‌အကောင်းအတိုင်းပြန်ပို့မယ် ဒါမှမဟုတ်ရင်တော့...."

လက်နက်ကိုယ်ဆီကိုင်၍ ဝိုင်းထားသည့် လူစုကို မျက်စပြစ်ပြလိုက်ပြီး ခြိမ်းခြောက်လိုက်သော်လည်း စစ်သည် မတုန်မလှုပ်စွာ ထစ်ငေါ့လိုက်သည်။

"အကောင်းအတိုင်း ဟုတ်လား ဟားဟား မင်းတို့ သခင်လေးက ဘယ်တုန်းက အဲ့လောက် သဘောကောင်းသွားတာလည်း.. ငါ့ *င်ကို ငမ်းရင် ငမ်းတယ်ပေါ့.."

ထို့နောက် စစ် ဆက်၍ပြောလိုက်၏။

"ဒီမှာ စိန်လောက်နဲ့ စစ်တို့က ဒီအထိ ရောက်လာမှာမဟုတ်ဘူး.. ။မင်းတို့ရဲ့ ခွေးသခင်လေးက ငါ့ရှေ့မှာ မဲ့ပြုံးလိုလိုလာပြုံးသွားတယ်လေ အဲ့တော့ သူတန်ဖိုးအထားဆုံးဟာကို ငါကလာယူရတာပေါ့။ ဪ တကယ်လို့ ငါတောင် ဒီမှာသေခဲ့ရင် Fire phoenix ဂိုဏ်းတော့ အမြစ်ကနေကို ဆွဲလှန်ခဲ့ရမှာဘဲ.. ဟားဟား"

စစ်သည် သာမာန်ဆန်စွာ ပုခုံးတွန့်၍ လှောင်ရီအသံဖြင့် ပြန်၍ခြိမ်းခြောက်လိုက်၏။ လောကကြီးတွင် စစ်ကို ခြိမ်းခြောက်ရဲသူမှာ လက်နှစ်ဖက်ပင်မပြည့်။ မည်သည့်အတွက်ကြောင့်ဆို အချို့မှာ အလောင်းပင်ပြန်ပေါ်မလာခြင်းကြောင့်ဖြစ်၏။

"ကောင်းပြီ စစ်! မင်းကိုအခွင့်အရေးပေးထားတယ်။ မင်းက မယူတက်မှာပေါ့။ ငါ့ကောင်တွေ ဆုံးမပေးလိုက်ကြ ဒါပေမဲ့ အသက်အန္တာရယ်မဖြစ်စေနဲ့.."

"ခေါင်းဆောင်  သူ့ဘေးက အကောင်ကိုရော..."

ခေါင်းဆောင်ဆိုသည်မှာ ယိုင်တိုင်တိုင်ဖြင့် သူတို့ကို ဘုကြည့်ကြည့်နေသူ နေ့ကို ခြေအစခေါင်းအဆုံးကြည့်၍ ရက်စက်စွာမှာကြားလိုက်၏။

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Dove le storie prendono vita. Scoprilo ora