EP.10

1.4K 85 18
                                    

Unicode..

Leatherဖိနပ် နက်ပြာရောင်ပေါ်ရှိ ငွေရောင်ကြိုးများသည် ‌အမှောင်ထုကြား၌တောင် တလက်လက်တောက်ပနေသေး၏။ ပြတင်းပေါက်များကြား၌ တစ်စစတိုးဝင်နေသော အလင်းရောင်များကြောင့် လျှောက်လမ်းတွင် အလင်းရောင်အနည်းငယ်ကျနေသည်။ အရပ်မြင့်မြင့်နှင့် နေ့မင်းသစ်၏ အရိပ်သည် အမှောင်ကိုအားပြု၍ ခြေဖဝါးကို ဖွလျှောက်ကာ စံအိမ်ကြီး၏ ထွက်ပေါက်ကို မြန်ဆန်စွာလျှောက်နေ၏။

တိတ်ဆိတ်သည့် စံအိမ်ထက်တွင် နေ့သည် ခြေတလှမ်းလှမ်းလိုက်တိုင်း စိန်ကွပ်ထားသည့် နားကပ်သုံးခုသည် အချင်းချင်းပွတ်တိုက်မိကာ တချွင်ချွင် အသံငယ်များ ထွက်လာသေးသည်။ လူငယ်သည် စံအိမ်တံခါးကို တိုးတိတ်စွာ ဆွဲဖွင့်ကာ ညအလင်းရောင်ထက် လှပလင်းလက်သည့် နေ့၏ မျက်၀န်းဝိုင်းဝိုင်းများသည် လရောင်အောက်ထင်ထင်ရှားရှားပေါ်လာ၏။ leatherဖိနပ်ကို ခြေထောက်၌ ကျကျနနစီးပြီး ခြံအနောက်ဘက် ကားဂိုထောင်ထဲမှ အဖြူရောင် ဆိုင်ကယ်တစ်စီးကို တွန်းကာထုတ်လိုက်၏။

ဆိုင်ကယ် ထိုင်ခုံအောက်ထဲသို့ ခါးကြားထဲညှပ်ထားသည့် ဓားတိုတစ်ချောင်းနှင့် ပိုက်ဆံအိတ်ကို ပြစ်ထည့်လိုက်ပြီး ဆိုင်ကယ်ကို တရှိန်ထိုးမောင်းသွားတော့သည်။ နေ့၏ ဆိုင်ကယ်သည် ခြံတစ်၀က်ခန့်ကိုရောက်သွားသည့်အချိန် စံအိမ်တစ်ခုလုံးသည် မီးထိန်ထိန်လင်းလာခဲ့သလို ခြံထောင့်တိုင်းစီကလည်း လူအနည်းငယ်ချင်းစီ ပေါက်လာပြီး နေ့၏ ဆိုင်ကယ်ကို ပိတ်ဆို့ဖို့ကျန်ရွယ်ကြသည်။ သို့သော် နေ့သည်တော့ ဆိုင်ကယ်၏ အရှိန်ကို ယခုထက်ပိုမြန်အောင်တင်၍ ဖှုန်လုံးတစ်လိပ်လိပ်သာ ချန်ရစ်ခဲ့တော့သည်။

မိုင်ကုန်မတက်မောင်းထားသည့် ဆိုင်ကယ်သည် ခြံကွေ့များကို လက်ရဲဇာတ်ရဲကွေ့ချသွားပြီး လည်တိုင်၌ ချီနှောင်ထားသော အမဲရောင် ကုတ်အကျီသည်လည်း လေအတိုက်၌‌လွင့်နေမျောနေသေးပြီး ပုံအကျအနသွင်းထား‌ေသာ ဆံပင်များသည် အနောက်ဘက်သို့ လှန်တင်ထားပြီး ပြင်းထန်သော လေများကြောင့် ပုံအနည်းငယ်ပျက်သွားပြီး နားထင်ရှိဆံပင်များ ဟိုတစ်စဒီတစ်စကျ‌ေနသည်ကို နေ့သည် ဆိုင်ကယ်မောင်းနေရင်းတန်းလန်း လက်တစ်ဖက်လွှတ်ကာ ဆံပင်ကိုသပ်လိုက်သေးသည်။ ခေါင်းအနည်းငယ်စောင်း၍ ဘက်ကြည့်မှန်ထဲ၌ သူ့ပုံရိပ်သူအနည်းငယ် စောင်းကြည့်လိုက်ပြီး နှုတ်ခမ်းတစ်ဖက်တွန့်ကွေးစွာပြုံးသွားသည်မှာ သူ့ပုံရိပ်သူမည်မျှ သဘောကျနေကြောင်းသိသာလွန်းလှသည်။

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Where stories live. Discover now