EP.5

2K 121 11
                                    

Unicode..

နေ၀င်ဆည်းဆာ အလှတရားနှင့် ခြံအကျယ်ကြီးထဲတွင်ရှိသော မှန်လုံးအိမ်လေးထဲတွင် ဝါကျင့်ကျင့် မီးရောင်လေး ဖြာထွက်ကာနေလေ၏။

ရှင်းလင်းသေသပ်လှသော ထိုမှန်လုံအိမ်သည် ကျိုးစစ်အတွက် သီးသန့်ဆောက်ပေးထားသော အပန်းဖြေနေရာများထဲမှ တစ်ခုအပါအ၀င်ဖြစ်သည်။

မတပ်တာကြာနေလေသည့် စာကြည့်မျက်မှန်ကို အ၀တ်ဖြင့် သုတ်၍ ကျကျနန တက်လိုက်လေ၏။ ဖန်သားပြင် စာကြည့်စားပွဲပေါ်တွင် ကြိုတင်‌ရွေးထားသော စာအုပ်သုံးအုပ်ထဲမှ တစ်အုပ်ကို ယူကာ အရှေ့မှ အနောက်သို့ တဖျက်ဖျက်လှန်လိုက်၏။

မည်သူမှမသိခင် မီးဖိုချောင်ထဲမှာ ခိုးယူထားလေသည့် ကြက်သွန်လှီး‌ ဓားသေးသေးလေးကို ထုတ်၍ လက်ထိတ်ဖြင့် ထက်ရှမှုကို ပွတ်ဆွဲကြည့်မိသည်။ ထက်ရှမှုကြောင့် ကျေနပ်စွာဖြင့် ပြုံးမိသွားသည်။

ကျိုးစစ် လုပ်နေကြသည့်အတိုင်း စာအုပ် ထိတ်လေးများကို တစ်ရွက်ချင်းစီ ဓားဖြင့်လိုက်ဖောက်သည်။ ထိုသည်မှာ ကျိုးစစ် တစ်ပတ်၌ တစ်ခါတော့လုပ်ဖြစ်သည်။

ဒယ်ဒီမိန်းမပြောထားတာ ကျိုးစစ် မှတ်မိသေးသည်။ ပျင်းနေရင် ၊အထီးကျန်တယ်လို့ ခံစားရရင်၊ အားနေခဲ့ရင် ကိုယ်သဘောကျသည့် အရာကို ဓားလေးနဲ့မွှန်းရသည်တဲ့လေ။ ဘယ်လိုတောင် ရူးမိုက်လှသည့် ဖြစ်ချင်းမျိုးပါလိမ့်..။

သို့သော် ကျိုးစစ်သည် ထိုသူ့လက်ပေါ်မှာဘဲ ကြီးပျင်းလာခဲ့သောကြောင့် ထိုသူပြောသည့် စကားတိုင်းကို ကလန်ကဆန်လုပ်သော်လည်း ကွယ်ရာမှာကျ နားထောင်တက်သည်မှာ အကျင့်တစ်ခုဖြစ်နေလေ၏။

လတိုင်း စက်ပိတ်ထားသော ဖုန်းကို တစ်ပတ် တစ်ခါ ဆက်သည့် ဒယ်ဒီတို့ ဖုန်းကို ကျိုးစစ် ကိုင်ရန် မ၀င့်မရဲဖြစ်နေမိသည်။ ဒယ်ဒီတို့သည် ကျိုးစစ် ဒီမှာနေနေတာကို လုံးဝသဘောမတူတော့ပေ။

ကံကောင်းသည်လား ကံဆိုးသည်လားတော့ မပြောတက် ကျိုးစစ်ယခုနေနေသည့်နိုင်ငံသည် Rနိုင်ငံမှလူတိုင်းကို အတင်းအကြပ်တားမြစ်ထားသည်။ ထို့ကြောင့် Rနိုင်ငံ၏ ထိတ်သီးဖြစ်သော ဒယ်ဒီတို့သည်လည်း ၄နှစ်နီးပါးကြာမြင့်သည်အထိ ကျိုးစစ်ကို လာမခေါ်နိုင်ခဲ့ပေ။ လာမခေါ်နိုင်သည်ထက် လာမဖမ်းနိုင်ဟု ပြောရင် ပိုမှန်မည်။ ကျိုးစစ်ကိုယ်တိုင်သည်လည်း အသည်းအတန် ရှောင်ပြေးနေသောကြောင့် လူလွှတ်ပြီး ခေါ်ဖို့ အမျိုးမျိုးကြိုးစားသည်။

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Where stories live. Discover now