EP.28

541 15 2
                                    

Unicode

"နာမည်ဘယ်လိုခေါ်လဲ.."

"Ray"

"ဘာလုပ်တက်လဲ.."

"ဘာမှမလုပ်တက်ဘူး..."

နေ့ ခြေဖျားရှိ သူကိုအနည်းငယ်ငုံကြည့်ကာ နှုတ်ခမ်းတို့က ကွေးတက်တက်ဖြစ်သွားရ၏။ ထိုသူ၏ အေးစက်စက်အကြည့် တုံးတိတိပြောဟန် အနည်းငယ်ညစ်ပေနေပေမဲ့ သူသည် ‌နေ့ထက်တော့အသက်ကြီး၏။

နေ့ စိုက်ကြည့်နေမှန်းသိတော့ Rayသည် နေ့ကိုအကြည့်စူးစူးပြန်ပေး၏။ မြေကြီးထက်၌ အကျီအစွန်းအစနှင့်ကွယ်၍ ကြိုးဖြည်ပေးထားသော လက်နှစ်ဖက်မှာတော့ စိုးထိတ်ဟန် ခပ်ဖွဖွဆုပ်ထား၏။

လက်ထဲက ကိုင်ထားသော ‌သေနတ်ကို Rayနှဖူးစပ်သို့ နေ့ တင်၍မေးလိုက်၏။

"မင်းလိမ်တက်လား.."

"လိမ်..တက်တယ်.."

မဆိုင်းမတွဖြေလာသည့် အသံတို့မှာ လေးလေးပင်ပင်ဖြစ်နေပြီး မျက်၀န်းများက သေနတ်ထောင့်ကို ကြည့်ကာနေသည်။

"လိမ်တက်တယ်.. ကောင်းတယ်! ငါထင်တာအရဆိုရင် အခု ငါ့ပစ္စည်းတွေဆုံးရှုံးရတဲ့ကိစ္စက မင်း ပယောဂမကင်းဘူးနဲ့တူတယ်.."

"ဟုတ်တယ် ကျွန်တော် အကြံပေးလိုက်တာ.."

"အိုးး အဲ့လောက်မြန်မြန်ကြီး ၀န်ခံတယ်ပေါ့.. ငါ့သေနတ်မှာ ကြည်မပါဘူးထင်နေတာလား.."

Ray ခဏတာ တိတ်ဆိတ်သွားပြီး တစ်ချက်မှမယုတ်လျော့သွားသော အကြည့်စူးစူးဖြင့် ပြန်ပြောလိုက်၏။

"သေနတ်ထဲမှာကျည်ပါတယ် ကျွန်တော်သိတယ်.. ဒါပေမဲ့ ကျွန်တော် အမှန်အတိုင်းဘဲ ပြောပြော လိမ်ညာပြီးဘဲပြောပြော ခင်ဗျားသတ်ချင်ရင် ကျွန်တော် ခုနကထဲက သေပြီးသွားပြီ..၊ ပြီးတော့ ခင်ဗျား ကျွန်တော့်ကို သတင်းရှာချင်လို့ဘဲဖြစ်ဖြစ် အခုထိမသတ်သေးတာဆို အခုချက်ချင်း ခင်ဗျား သေနတ်မောင်းကိုဆွဲတင်လိုက်ဖို့အကြံပေးချင်တယ်.. ကျွန်တော်က သူတို့နဲ့မဆိုင်ဘူး.."

Rayပြောပြီးတာနှင့် တိတ်ဆိတ်သာနေလိုက်ပြီး တိတ်ဆိတ်မှုကြီးသည် စိုထိုင်းထိုင်းအခန်းထဲသို့ကြီးစိုးသွားရပြန်၏။ သေခြင်းနှင့် ရှင်ခြင်းကို သေနတ်တစ်လက်ပေါ်မှာ မြုတ်နှံထားရသည့် အခြေအနေတွင် Rayဘာပြောပြော သတ်မဲ့သူကသတ်မှာပင်...။ သေခြင်းတရားကိုတော့ မကြောက်ရွံဘူးဆိုသည်တော့မဟုတ်ပါ သို့သော် တွယ်တာစရာမရှိသည့် ရှင်သန်ခြင်းတွင် Ray သေသွားသွား ရှင်လေလေ သတိထားမည့်သူလည်းမရှိပါ...။ ထို့အပြင် Rayမှာလည်း ကျွမ်းကျင်ရာဆိုတော့ လိမ်လည်ခြင်းနှင့် လည့်ဖျားခြင်းအကြံအစည်တွင်သာ..။

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Where stories live. Discover now