EP.21

1.3K 60 56
                                    

Unicode

"ဟမ့်! ဇာတ်လမ်းကလည်း ပိုက်ဆံတောင် ပိုကုန်သေးတယ်! စောက်အဓိပ္ပာယ်မရှိတဲ့ ကားကြီး.."

"ကျိုးစစ်! ခင်ဗျား အဲ့တာပြောနေတာ ဘယ်နှစ်ခါရှိသွားပြီလဲ.."

"ကိုယ်က မှန်တာပြောတာကို.."

စစ် အလိုမကျစွာ မျက်မှောင်ကြီးကျုတ်ကာ ပေါက်ပေါက်စုတ်ကို လက်တစ်စုတ်နှိုက်၍ ပါးစပ်ထဲသို့ လောင်းထည့်ပြီး မကျေနပ်မှုအပြည့်ဖြင့် ပေါက်ပေါက်များကို ဖိချေကာဝါးနေတော့သည်။

နာမည်အရမ်းကြီးတဲ့.. အချစ်ရုံတင်ကာဆိုကာ ညွှန်းတာနှင့်ဘဲ စစ်လည်း ပြီးပြီးရော လတ်မှတ်ကို၀ယ်လာဖြစ်လိုက်သည်။ စိတ်မြန်လက်မြန်ရှိသော စစ်သည် ကောင်လေးအပေါ်ထားရှိသည့် ကိုယ့်ခံစားချက်ကိုနားလည်သည်နှင့် တပြိုင်နက် မိမိဘက်မှ အပိုင်ကြံတော့မည်ဆိုသော ရည်မှန်းချက်ဖြင့် အတွဲခုံ၀ယ်လာမိကာ ဘေး၌လာထိုင်မည့် ကောင်လေးကို တော်ကီတွေနှင့်ချုပ်ဖို့ကြံစည်ထားမိ၏။ ကိုယ်တိုင် ဇာတ်ညွှန်းရေး ကိုယ်တိုင် မင်းသားလုပ်နေသည့် စစ်သည် ထို့ထို့သင်ပေးလိုက်သည့် အချစ်လမ်းညွှန်အတိုင်း အအေးတစ်ခွက်ကို ပိုက်နှစ်ချောင်းတောင် တက်လာသည်အထိ အဆင်ချောနေသော်လည်း ရုပ်ရှင်စပြလိုက်သည့်မှ စပြီး တက်တက်စင်ကိုလွဲချေပြီ။

အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဉီးက အစပိုင်းမှာ အိမ်ထောင်ပြုထားနှင့်ပြီးသား.. သို့သော် ခွေးလိုကောင် မင်းသားက ပါးစပ်ကသာချစ်တယ် *ီးက တယမ်းယမ်း..။ စစ် တွေးရင်း တွေးရင်းနှင့် ဒေါသထွက်လာသည်မှာ.. ဇာတ်ကားပြီးသည့်အချိန် မီးတွေ အကုန်လင်းထင်တော့မှ ဟာ..ခနဲ.. ၀မ်းနည်းမိသွား၏။

နှစ်ယောက် ရိုမတ်တစ်ဆန်ဆန်သောက်ဖို့၀ယ်ထားသော အအေးခွက်လေးသည်လည်း စစ် တစ်ယောက်တည်း ဒေါသများဖြင့်သာ သောက်မိလိုက်ပြီး ဘူးအခွံကိုလည်း ကြေနေအောင်လုံးခြေထားသေး၏။ တော်ကီတွေနှင့် ချုပ်မည့် စာကြောင်းစီထားသည့် စကားများသည်လေး တောက်ခေါက်သံများ၊ ခပ်တိုးတိုးဆဲသံတို့နှင့်သာ အဆုံးသတ်ခဲ့ရသည်။

စစ်တွေးရင်း တွေးရင်းနှင့်.. အစုတ်ပလုပ် ဇာတ်ကားကို ဖြစ်တည်လာအောင်လုပ်သည့် လူတွေအကုန်လုံးကို ဒေဝါလီခံသွားရအောင်လုပ်ချင်လာသည်။

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Onde histórias criam vida. Descubra agora