EP.22

631 22 2
                                    

Unicode..

မှောင်ရီစပျိုးလာတာနှင့် တပြိုင်နက် မှောင်မိုက်နေသော လမ်းမကြီးနှင့် တစ်သီးတခြားတည်းသာရှိသော စံအိမ်ကြီးတို့မှာ အမှောင်နှင့် တပြိုင်ထဲ သိမ်မွေ့စွာလှပနေ၏။ စံအိမ်၏ ပထမထပ်ရှိ မိုးစက်၏ အခန်းထဲတွင်တော့ ညအမှောင်ကို အံတုကာ မီးများထွန်းလင်းလျှက်သားရှိ၏။

"ရေးစက်လေးကို ပြန်တွေ့တာ ပျော်ရမလား၊ စိတ်မကောင်းဖြစ်ရမလား ကိုယ်တောင်မသိဘူး.."

"ကိုကိုကြီးက ရေးလေး‌ကို ပြန်တွေ့ရတာကို စိတ်မကောင်းကဖြစ်ချင်နေသေးတာလား.."

မိုးစက်၏ ချောမောလှသော မျက်နှာထက် ပူပင်မှုကြောင့် ‌ခပ်ရေးရေးထင်နေသည့် မျက်မှောင်များသည် ပို၍ထင်းသွားရ၏။

"ဖြူ.. ညီမလေးလည်း မသိတာမဟုတ်ဘဲနဲ့.. ကိုယ်တို့ရဲ့ ဘ၀တွေက ဘယ်လိုရှင်သန်နေရလဲဆိုတာ.."

"ဒါပေမဲ့.. ကိုကိုကြီး ရေးလေးကို ပြန်တွေ့ရတာ ပျော်နေသင့်တာလေ.. သစ်လေးကို စောင့်ရှောက်သလို ရေးလေးကိုလည်း စောင့်ရှောက်ပေးရမှာပေါ့.."

"ညီမလေး.. မင်းလည်းသိရဲ့သားနဲ့.. သစ်က သူ့ဘာသာ အေးတိအေးစက်နေတယ်.. သူ့ကိုလာထိရင် ပြန်ပိတ်ကန်ဖို့ ၀င်မလေးတဲ့သူလေ.. ဒါပေမဲ့ အခုရေးစက်ရဲ့ အကျင့်စရိုက်ကို ညီမလေးလည်းမြင်မှာပါ.."

"မသိဘူးကွာ.. "

ဖြူ စိတ်ဆိုးစွာဖြင့် ကိုကိုကြီးစီမှာ အကြည့်ကိုလွှဲလိုက်၏ အနည်းငယ်ဆူထော်ချင်နေသော နှုတ်ခမ်းလေးနှင့် ဖြူသည် ကိုကိုကြီးကို နိုင်မှန်းသိလို့ကို ဆိုးလှသည်။

မိုးစက်လည်း အကြောင်းသိသူပမာ ထိုင်နေရာမှ ထ၍ ဖြူ၏ ခေါင်းကိုကို ခပ်ဖွဖွပွတ်ပေးလိုက်သမျှ ရှည်လျားလှသော ပိတုန်းရောင်ဆံနွယ်များသည် စုတ်ဖွားဖွားဖြစ်သွားရ၏။

"ကဲ.. အသဲတုံးလေး.. ကိုယ်က ရေးစက်ကို မချစ်လို့ပြောတာမှမဟုတ်တာကွာ။ အခုလည်း ကိုယ်စိတ်ပူလို့ပါ ညီမလေးရယ်..။ အခု ကိုယ်တို့လုပ်နေတာက တရားမ၀င်လုပ်ငန်း၊ ဘယ်လောက်ဘဲ ခေတ်ကြီးကမှီမှီ စည်းနဲ့ကမ်းနဲ့ လုပ်နေတာပေမဲ့ ဒီလုပ်ငန်းတွေက အစထဲက တရားမ၀င်တာလေ..။ နောက်ပြီးဒီလုပ်ငန်းခွင်ထဲကို ၀င်လိုက်ပြီဆိုတာနဲ့ ကိုယ်တို့ ပြန်မထွက်နိုင်တော့ဘူး..၊ ဉ‌ပဒေဆိုတာရှိပေမဲ့ အမှောင်ထဲကလုပ်သွားရင် ဘယ်သူ့မှသိမှာမဟုတ်ဘူး.. အခုလည်း ရေးစက်က စိတ်ကလေးနုနု၊ သစ်ကျတော့ မာကြောချင်ယောင်ဆောင်နေတဲ့ ကလေး..၊ ပြီးတော့ ညီမလေးလို မိန်းမလှလေးလည်းရှိနေပြန်တော့ မပူလို့လည်းမရဘူးလေ.."

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Where stories live. Discover now