EP.12

1.1K 76 5
                                    

Unicode..

ပြိုင်ကားအနီရောင်လေးသည် ရှင်းလင်းလှသော လမ်းမတစ်လျှောက်အရှိန်အဟုန်ဖြင့် မောင်းနှင်လာပြီး လမ်းတစ်ဖက်၌ ဘေးကပ်ကာရပ်လိုက်၏။

ယာဉ်မောင်းသူ နေရာမှ ဖြူဖျော့နေသည့် နှုတ်ခမ်းပါးများနှင့် ဆင်း‌လာသော စစ်သည် အနက်ရောင်ဉီးထုတ်ကို ချွတ်ထားသည့်အတွက်ကြောင့် ပျော့ပြောင်းမဲနက်ဆံနွယ်များသည် ကပို့ကရို့ကျဆင်းနေ၏။

စစ်သည် ကားနောက်ဖုံးကိုဖွင့်ကာ ဆေးသေတ္တာကိုဆွဲယူ၍ ကားနောက်ဖုံး၌ထိုင်လိုက်၏။ ဆေးသေတ္တာရှိ ဆေးအများအပြားသည် ဘူးအလွတ်များသာ ကျန်နေသည်မှာများ၍ စစ် ဆေးဘူးကို တော်တော်ရှာလိုက်ရ၏။ စစ် ဆေးရှာဖို့ အာရုံရောက်နေချိန် ဘေးဘက်၌ အိခနဲဖြစ်သွားသောကြောင့် စောင်းငဲ့ကြည့်လိုက်သည့်အခါ ဘေးနားမှာလာထိုင်ပြီး အရက်ပုလင်းကိုသွားဖြင့်ဖွင့်ဖောက်နေသည့် ကောင်လေး..။ စစ်လည်း အကြည့်များ လွှဲကာ ဆေးရှာဖို့သာ အာရုံစိုက်လိုက်၏။

ကုန်ခမ်းနေသော အရက်ပြန်ပုလင်းကိုကြည့်၍ စစ်အနည်းငယ် ဒုက္ခရောက်သွားသည့် ယခုလို သွေးစက်လက်အခြေအနေကြီးတွင် မြို့ထဲပြန်သွားပြီး အရက်ပြန်သွားဝယ်လျှင် အဆင်ပြေမှာမဟုတ်ပေ။

"ဒီမှာ.. ဒီမှာ.. ခင်ဗျားအကျီချွတ်..."

ဘေးဘက်ရှိအသံကြောင့် စစ် လှည့်ကြည့်လိုက်သည့်အချိန် ခန္ဓာကိုယ် အပေါ်ပိုင်းဗလာဖြင့် စစ်ကို စိတ်ရှုပ်စွာကြည့်နေသော မျက်လုံးဝိုင်းဝိုင်းများကို စစ်၏ ကော့တက်နေသည့် မျက်လုံးများဖြင့် ပြန်၍အကဲခတ်လိုက်၏။

နေ့သည် သူ့ကို ပြန်ကြည့်နေသော သူကိုစိတ်မရှည်တော့သည့်အတွက် နေ့ကိုယ်တိုင် ထိုသူအရှေ့သို့ သွားကာ အကျီကို ပေါ်တင်ဆွဲလှန်လိုက်၏။ အနက်ရောင်အကျီအောက် ခပ်ညိုညိုနှင့် အ၀တ်တစ်ခုကို ခါး၌တည်းကြပ်စွာ စည်း‌ေနှာင်ထားသည့် တောင်းတင်းလှသော ၀မ်းဗိုက်တစ်စုံသည် လှပစွာထွက်ပေါ်လာသော်လည်း နေ့၏ အကြည့်များသည် ခါးရှိဒဏ်ရာဆီသို့သာကျောက်ချထား၏။

နေ့လက်ထဲတွင် ကိုင်ထားသော အရက်ပုလင်းကို မြေကြီးပေါ်သို့ချကာ ဒဏ်ရာစည်းထားသည့် အ၀တ်ကို ဖြည်လိုက်ရင်း အရက်ပုလင်းထဲရှိ အရက်များကို ဒဏ်ရာပေါ်သို့ အမှုအရာကင်းမဲ့စွာ လောင်းချလိုက်၏။
ခါးပေါ်သို့ အရက်များသည်အေးခနဲစီးကျရင်း အရိုးခိုက်မတက်နာကျင်သွားသော်လည်း စစ်သည် မျက်မှောင်တစ်ချက်ကျုံ့သွားယုံသာကျုံ့ပြီး မြေကြီးထက်သို့ ဒူးထောက်ကာ ထိုင်နေသည့် နေ့ကိုသာ ကြည့်မြဲအတိုင်းကြည့်နေ၏။

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Where stories live. Discover now