Ep.35
280 8 0
Unicode..
"Boss ဒါက Rနိုင်ငံရဲ့ မြေကွက်စာချုပ်ပါ.."
Rayကမ်းပေးလာသော စာချုပ်သည် အကျအနဖြင့် ဖိုင်အိတ်နှင့်အသေအချာထည့်ထားပေသည်။ သပ်ရပ်သောဖိုင်အိတ်တွင် သွေးအနည်းငယ်သည်လည်း စွန်းထင်းနေလျက်သား..။ နေ့ ဖိုင်တွဲကို ဉီးစွာမကိုင်လိုက်ပါဘဲ ထိုင်ခုံမှာဖြင့်ဘဲ မျက်လုံးသေများဖြင့်စူးစိုက်ကြည့်လိုက်၏။
ဒုစရိုက်လောကအပေါင်းတို့ရဲ့ တရား၀န်နိုင်ငံဖြစ်သည့် Rနိုင်ငံ...။ ထိုနိုင်ငံ၏ မြေကွက်စာချုပ်...၊ အဖိုးမဖြတ်နိုင်သည့် စည်းစိမ်နှင့် အာဏာပါရှိသော ထိုစာချုပ်..၊ နေ့အတွက်တော့ ကံဆိုးမှုအပေါင်းတို့ကိုဖိတ်ခေါ်လာသည့် စာချုပ်..။ ကြာညောင်းလှသော အချိန်ကာလများကို အတွေးမရောက်လိုပါသော်ငြား စိတ်အစုံတို့သည် လူ့အလိုကိုမလိုက်ခဲ့ပါ။
အတွေးတို့သည်နယ်ကျွံလာသည့်အတွက် မရပ်တန့်နိုင်မှန်းသိပေလည်း မျက်၀န်းတို့ကို တခဏမျှသာမှေးမှိတ်လိုက်၏။ အနည်းငယ်တုန်ရီနေပါသော လက်တို့နှင့်မတူစွာ နေ့အသံသည် ပကတိအတိုင်း တည်ငြိမ်နေလျက်..။
"အဲ့စာချုပ်ကိုချထားပြီး စံအိမ်ကိုပြန်ဖို့ စီစဉ်လိုက်..၊ အားလုံးပြီးရင် စစ်ကို သတိမေ့အောင် အခန်းထဲကိုမေ့ဆေးအနံလွှတ်လိုက်.. ပြီးရင် ငါ့ကိုလာပြော"
"နားလည်ပါပြီ.."
Ray သည် ခါးကိုကိုင်းကာ ဉီးညွှတ်လျက် တိတ်ဆိတ်စွာထွက်ခွာသွားခဲ့ပြီး တံခါးကိုပါပိတ်ပေးသွားလေ၏။
နေ့၏ရှေ့လက်တစ်ကမ်းစာအကွာမှာ ထိုစာချုပ်ကရှိနေသည်။ လတ်မှတ်အတည်အလင်းထိုးထားပါသည့် စက္ကူဖြင့်လုပ်ထားသည့် စာချုပ်တစ်စုံသည် အဘယ့်ကြောင့် လူပေါင်းများစွာ၏ အသက်ထက်တန်ဖိုးရှိနေပါသလဲဟူ၍ နေ့ငယ်စဉ်က မေးခွန်းထုတ်မိ၏.. ၊ မေးခွန်းဆိုတာရှိမှတော့ အဖြေလည်းသေချာပေါက်ရှိသည်ဆိုပါလျင် အဖြေမှာ အာဏာ ကြောင့်ပါတဲ့..၊
လောဘနဲ့မကင်းတဲ့လူတွေက အာဏာကိုမက်သည့်အခါ အင်မတန်ကြောက်ဖို့ကောင်းသည်ကို နေ့ ကိုယ်တွေ့အဖြစ်ပင်မဟုတ်ပါသလား...၊