EP.30

510 14 1
                                    

Unicode..

အထက်မြင့်အဆောက်အဉီးများနှင့် ခန်းနားသော ကြယ် 5ပွင့် စားသောက်ဆိုင်များသည် မြို့အနှံတည်ရှိပေ၏။ ထိုထဲမှ ချစ်သူရည်းစားများအတွက် သီးသန့်ဖြစ်နေသာ ရိုမတ်တစ်ဆန်ဆန်လေထုတို့စုဝေးရာ အထက်မြင့်အဆင့်မြင့်စားသောက်ဆိုင်၏ အမိုးလွတ် အပြင်ဘက်အခြမ်းရှိ သီးသန့်ဖြစ်နေသော စားပွဲဝိုင်းတွင် ညနက်မှု၏ နက်‌မှောင်သောဘက်ခြမ်းသည် ထိုအမျိုးသား၏ မျက်နှာထက်ဝေဝေဝါးဝါးဖုန်းအုပ်နေပြီး ရှင်းလင်းနေသောလမ်းမကြီးရှိ ရံဖန်ရံခါသာလာသော ကားများကိုသာ စူးစိုက်ကြည့်နေသူသည် အနည်းငယ် သီးသန့်ဆန်နေပေ၏။

အဝေးမှလျှောက်လှမ်းလာသော ရှုးဖိနပ်သံကိုအသာနားစွန့်၍.. သူ့ရှေ့ရောက်နေသော အမျိုးသားထံသို့ အကြည့်ရောက်မိ၏။

Suit ၀တ်စုံအပြည့်ဖြင့် လှပနေသော သူ..၊
မျက်၀န်းခပ်ကော့ကော့တွင် မှုန်ဝါးဝါးမြူအုပ်တို့က အုပ်စိုင်းနေဟန်ပင်..၊ ထိုသူသည် ယနေ့တွေတော့ နေ့ကို ပြုံးပြနေကျ ပါးချိုင့်ပြုံးလေးကို ဖွက်ကာထား၍ ၀တ်တရားဆန်ဆန်အပြုံးတစ်ပွင့်တို့ဖြစ်လျင်တောင် ထိုသူ၏ ပြည့်စုံမှုများမှာမယုတ်လျော့သွားသည့်အတွက် နေ့တွင် ရှားပါးသောအပြုံးတစ်ပွင့် နှုတ်ခမ်းထက် ပွင့်ဖူးလာရ၏။

"ခင်ဗျား နည်းနည်းနောက်ကျတယ်နော် ကားပိတ်နေလို့လား.."

"အင်း.. လမ်းပိတ်နေလို့.."

နေ့ ဘယ်ဘက်ရှိ ဘဲလ်လေးကို အသာနှိတ်၍.. လမ်းမဆီသို့အကြည့်လွှဲကာတိတ်ဆိတ်နေသောသူဆီသို့ ထည့်ထားပြီးသော ရှန်ပိန်ခွက်ကို နှုတ်ခမ်း၌အသာတေ့ကာ ပြန်ကြည့်နေမိသည်။ စစ်သည်တော့ အတွေးများဖြင့်သာမျောနေဟန်ရှိသော်လည်း ထိုသူ့တွင်အတွေးများမရှိသည်ကို နေ့လည်းသိသည်.. မျက်နှာလွှဲထားသောသူကိုယ်တိုင်လည်းသိမှာပင်။

"ဒီနေ့ပင်ပန်းလို့လား.."

"အင်း နည်းနည်း.."

"ဪ.. နားတာမဟုတ်ဘူး နောက်မှတွေ့လည်းရတာကို.."

"ပြတ်ပြတ်သားသားပြောစရာလေးရှိလို့လေ.."

"စားစရာတွေရောက်နေပြီ စားကြရအောင်.."

တစ်ငုံမျှမသောက်ရသေးသည့်ရှန်ပိန်ခွက်‌ကို ‌ေန့ပြန်ချပြီး.. စားပွဲတွင်လာချထားသည့် အဓိကဟင်းပွဲသည်တော့ steak ပင်..။

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Where stories live. Discover now