EP.27

591 18 0
                                    

Unicode...

အတန်းဆင်းချိန်ဖြစ်သောကြောင့် အသီးသီးတရုန်းရုန်းပြန်သွားကြသော ကျောင်းသားများနှင့် အတန်းသန့်ရှင်းရေးရှိသောကြောင့် အသီးသီးအတန်းထဲတွင်အလုပ်ရှုပ်နေကြသော သူများသည် အမျိုးသားသန့်စင်ခန်းသို့ ယောင်၍သာ ခေါင်းလှည့်၍မအားပေ..။

ထို့ကြောင့် ထူးခြားစွာပိတ်လျက်သားရှိ‌နေသော သန့်စင်ခန်းကို မည်သူမှသတိမထားမိခဲ့ချေ။ ပိတ်လျက်သား ကျပ်ထိုးထားသော သန့်စင်ခန်းတံခါးကို ခပ်လျော့လျော့မှီ၍ ဖုန်းထဲရှိပျံလွင့်လာသော အသံကိုဂရုစိုက်နားထောင်ဟန်ပေါ်နေသော အမျိုးသားတစ်ယောက်..။

မျက်၀န်းများသည်စူးရဲပြီးပြတ်သားဟန်ပေါ်၏..၊ ခပ်တိုတိုညှပ်ထားသော ဆံနွယ်တို့နှင့် တံတောင်ဆစ်ထိခေါက်တင်ထားသော အကျီလက်စတို့ကြား တစ်စွန်းတစ်စပေါ်ထွက်နေသည်မှာ လက်မောင်းဆီမှအရင်းခံထားသောအမာရွတ်ဖြစ်၏။ နေလောင်ထားသောအသားအရည်..ခပ်ခြောက်ခြောက်နှုတ်ခမ်းပါးတစ်စုံနှင့် ဖြူသာမြင်ပါသည်ဆိုလျင် ထိုသူမှာစံသော်တာဆိုသည့် သူမှန်းတန်း၍သိပေလိမ့်မည်။ သို့သော် ထိုသူ့၌ ဖော်ရွေသော အပြုံးတို့သည် ပျောက်ချင်းမလှပျောက်ကွယ်နေ၏။

"သွေးဘုရင်_စစ်က တကယ့်အန္တာရယ်များတယ်.. သူ့ကိုကြည့်လိုက်တာနဲ့ အရှိန်အဝါကို ကျွန်တော်ခံစားမိတယ်.. phoenix barမှာဖြစ်သွားတဲ့ လူအစုလိုက်အပြုံလိုက် ပျောက်သွားတာ သူနဲ့ဘဲပတ်သက်နေရမယ်လို့ထင်တယ်.."

(Splitအဖွဲ့မှူးပြောသလိုဆို ကျွန်တော်တို့သေချာစောင့်ကြည့်ဖို့လိုနေပြီ ပထမဂိုဏ်းကအရမ်းအန္တာရယ်များလို့ တော်ရုံမထိရဲပေမဲ့ အရမ်းလွန်လာရင် သာမန်ပြည်သူတွေကိုထိခိုက်မှာစိုးရိမ်မိသား..)

"ဟုတ်တယ်.. အနာဂတ်မှာအင်အားကြီး‌ခေါင်းဆောင်ဖြစ်မဲ့သူက ဒီလိုနေရာမျိုးမှာရှိနေတာဆိုတော့ သံသယဖြစ်စရာများတယ်.. ပြောလို့ရတာမဟုတ်ဘူး မြေအောက်လောက က ဘယ်သူမဆိုစိတ်ကမှန်တဲ့သူတွေမဟုတ်ဘူး.. "

(ဒါဆို splitအဖွဲ့ကိုများ...)

"ဟင့်အင်း မလှုပ်ရှားနဲ့ဉီး အရမ်းလှုပ်ရှားအောင်လုပ်လို့မရဘူး.. အခုကြည့်ရတာတော့ သွေးဘုရင်_စစ်က ဒီကလူတွေနဲ့တော်တော်လေးအပေါင်းအသင်းဖြစ်နေပုံရတယ်.. အဲ့လိုဆို သူ့ကိုထိတ်လန့်အောင်လုပ်မိသွားရင် အဲ့လူတွေကိုသဇာခံဖြစ်အောင်လုပ်သွားနေဉီးမယ်.. ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့လည်း သူ့လိုသခင်လေးကို သတ်လို့ရတဲ့အာဏာမှမရှိတာလေ.. အခုလောလောဆယ် စောင့်ကြည့်နေရုံဘဲတက်နိုင်မှာ.. ဒါပေမဲ့ တစ်ခုခုမှားရင်တော့.... သူဘယ်သူဘဲဖြစ်ဖြစ်ရှင်းပြစ်ရမယ်"

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Where stories live. Discover now