EP.36

381 14 5
                                    

Unicode..

စူးရှတောက်ပနေသော မနက်ခင်း၏ ပြယုဒ်ဖြစ်သည့် နေ့မင်းကြီးကို တိမ်ဆိုင်ထူထူတို့သည် ပင်းပိတ်ကာထားသောကြောင့် ခပ်မှိုင်းမှိုင်းခပ်အုပ်အုပ်။

၃ထပ်ရှိသောစံအိမ်သည် အသေအချာအကဲခတ်ကြည့်မည်ဆိုလျင် ထပ်ခိုးအလွတ်တစ်ခုပါသည့်အတွက် အစစ်အမှန်မှာ ၄ထပ်ဟူ၍ပြောရမည်။ ၄ထပ်မြောက် ထိုအမိုးလွတ်အထပ်မှကြည့်မည်ဆိုပါလျင် ခြံတစ်ခြံလုံးရှိလှပမှုကိုထင်ရှားစွာမြင်ရပါမည်။ ရာသီအလိုက်စိုက်တက်သည့် သီးပင်များ၊ နိုင်ငံခြားမျိုးစိတ်ဖြစ်သည့် ဈေးခေါင်ခိုက်လှသော ပန်းများ၊ အလှမွေးရေကန်တို့နှင့်၊ မှန်လုံအိမ်လေးအပါအ၀င် အထပ်စီးမှငုံကြည့်ရသည့်အရသာကို အလွန်ကြိုက်သော စစ်၏နိဗ္ဗာန်ဘုံလေးဖြစ်သည်။

သစ်လွင်တောက်ပြောင်နေသော Bluetooth လေးသည် သူ့အသက်ဖြစ်ရာ stickချောင်းအကူအညီဖြင့်သာ တေးသံသာကို တစ်ပုဒ်ပြီး တစ်ပုဒ် အားမကုန်ခမ်းနိုင်စွာ နားဆင်သူကို စိတ်ကျေနပ်စေရန် အလုပ်ကြိုးစားနေသည့် ဘေးဘက်တွင်တော့ တစ်လက်မအထူခန့်သာရှိသည့် ဂွမ်းကပ်မွေ့ယာလေးလှဲကာ တစ်လောကလုံးတွင် သူသာအသာယာဆုံးဆိုသည့်ဟန်ဖြင့် ဝေးလှသောကောင်းကင်ရှိ တိမ်ရိပ်များကို လက်လေးများဖြင့်ထောက်ကာဖြင့် တိမ်ပုံရိပ်တို့ကို ပုံဖော်နေလိုက်သည်။

အသဲပုံ၊ မြင်းပုံ၊ ငါးပုံ စသည်တို့သည် တိမ်တစ်ခုမှတစ်ခုကူးပြောင်း၍ မရိုးအီစွာ ထိုထောက်ကာကြည့်နေသည့် လက်ပိုင်ရှင်သည် ကြာမြင့်စွာထိုနေရာတွင်ရှိနေသည့်အကြောင်းကို ဆေးလိပ်ပြာခွက်ရှိ ဆေးလိပ်အတိုစများမှသက်သေပြုနိုင်သည်။

Bluetooth မှလာ‌ေနသည့် One direction ၏ night changes သီချင်းကိုဖြတ်တောက်သွားသည်မှာတော့ Bluetooth၏ အားအင်ကုန်ခမ်းနေသည့်အသံ...။

ဂွမ်းကပ်မွေ့ယာတွင်လှဲနေသော စစ်သည် ကောက်ခနဲထ၍ လက်ကိုဆန့်ကာ Bluetooth ၏ offခလုတ်ကို လက်လှမ်းနှိပ်လိုက်သည်။ သူ၏ လက်များသည် ခပ်ထိုးထိုးထောင်ထောင်ဖြစ်နေသော ခေါင်းရှိကြိုးတိုးကျဲဆံနွယ်များကို အသာသပ်တင်၍ဘဲ မွေ့ယာ၏အစွမ်းစနှင့်ဖိထားသော စီးကရက်ဘူးမှ ဆေးလိပ်တစ်လိပ်ကို ထုတ်ကာဖြင့် လက်ရန်းများဆီသို့လျှောက်သွားလိုက်၏။ ကျောက်သားဖြင့်ဆောက်ထားသော လက်ရန်းများသည် အကျယ်အ၀န်းမှာ လက်ဖဝါးတစ်ပြားစာအရွယ်အစားမျှသာ။ စစ်သည် ဆေးလိပ်ကိုလွန်စွာသောက်သူဖြစ်သည့်အတွက် ဘယ်ဘက်အိတ်ထောင်တွင်ထားထားသော မီးခြစ်ကို ကျွမ်းကျင်စွာဘဲထုတ်ယူ၍ ထွန်းညှိလိုက်၏။

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Where stories live. Discover now