EP.9

1.3K 87 4
                                    

Unicode..

ဖုန်းတစ်ဖက်ရှိ J6သည် ကျသွားသော ဖုန်းကိုငေးကြည့်ကာ ရယ်ချင်စိတ်ကို အံတင်းတင်းကြိတ်ကာထိန်းထားသော်လည်း သေသပ်ပါးလွှာလှသော နှုတ်ခမ်းစွန်းများသည်တော့ ကော့တက်‌ေအာင်ပြုံးနေမိသည်မှာ ညာဘက်ပါးပြင်ရှိ ပါးချိုင့်ရေးရေးလေးတောင်ပေါ်လို့နေပြီ...။

ချွန်တက်နေသော နှုတ်ခေါင်းတစ်စုံနှင့် ကော့တက်နေသည့် နူးညံလှသောမျက်စုံ၏အထက်တွင်လည်း မာနရိပ်ခပ်ရေးရေးပြသည့် ထူထပ်လှသောမျက်ခုံးတစ်စုံလည်းရှိသေးသည်။ ထိုသူသည် နေ့မင်းသစ် ရင်းနှီးလှသော ဘေးအခန်းရှိ ကျိုးစစ်ပင်ဖြစ်၏။

ကျိုးစစ်ကို Rနိုင်ငံထဲတွင်တော့ Y.O.Y၏ တစ်ဉီးတည်းသောဆက်ခံသူ သွေးဘုရင်စစ်ဟူ၍သိကြပြီး ဒုတိယဂိုဏ်းတစ်ချို့သည်တော့ မျက်သားမိုးရေဂိုဏ်းခေါင်းဆောင် လျှို့ဝှက်လွန်းလှသည့် J6ဟူ၍သိကြသည်။

မျက်သားမိုးရေ ဂိုဏ်းတည်ထောင်ထားသည်မှာ ၄နှစ်နီးပါးသာရှိသေးသော်လည်း ဒုတိယအဆင့်ဂိုဏ်းဖြစ်လာသည်မှာ Y.OYဂိုဏ်းကြောင့်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျိုးစစ်သည် Y.O.Yဂိုဏ်းရှိ လက်နက်များကို လမ်းတစ်၀က်မှနေ၍ ဖြတ်လုနေသောကြောင့်‌ဖြစ်၏။ ထိုသည်မှာ Y.O.Yဂိုဏ်းကိုလည်းအနည်းငယ် နစ်နာစေသော်လည်း ကျိုးစစ်သည် ဂရုမစိုက်ဘဲ လုပ်ချင်ရာလုပ်၏။ ထိုသည်ကို Y.O.Y ဂိုဏ်း၏ လက်ထောက် 15ယောက်ထဲမှ တစ်ယောက်ဖြစ်သော မန်းမန်းက ရိပ်မိသောကြောင့် ကျိုးစစ်ကို လာသတိပေးသော်လည်း ကျိုးစစ်သည်မသိချင်ယောင်ဆောင်နေမြဲသာ။

လွန်ခဲ့သော အပတ်နည်းနည်းက Y.O.Yဂိုဏ်းရှိ လက်နက်များ 2 millionကျော်ကျော် ကြွသွားသည်ဆိုသည်မှာလည်း ကျိုးစစ် ရဲများကို သတင်းပေးလိုက်သောကြောင့်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အစိုးရပိုင်းတွင် လက်နက်များလိုနေသောကြောင့် မေတ္တာလက်ဆောင်အနေနှင့် ပို့ပေးလိုက်တာဖြစ်၏။ ထိုအခါမှ အစိုးရသည် Y.O.Yမှ လက်နက်များ အခုတလောမလိုမှာဖြစ်လေသည်။ သို့သော် ကျိုးစစ် အကြံသည် ရေရှည်မအောင်မြင်ပေ။ ယခုရက်ပိုင်း Y.O.Yသည် လက်နက်ပို့ရေးများကို နားထားသောကြောင့်ဖြစ်၏။ ကျိုးစစ်ဘယ်ခြေလှမ်းလှမ်းနေသည်ကို ဒယ်ဒီတို့ ရိပ်မိသွားပြီဟု ကျိုးစစ်သိလိုက်၏။

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Where stories live. Discover now