EP.14

1.2K 66 0
                                    

Unicode...

အချိန်အားဖြင့် မိုးသောက်ချိန် 5နာရီခန့်..

နွေကုန်၍ ‌မိုးဝင်လာသည့် ရာသီဥတုသည် ရွာသွန်းသောမိုးရေများကြောင့် စိုထိုင်းထိုင်း။ ငိုလို့မ၀သည့် ကလေးငယ်လို ရွာလို့မကုန်နိုင်သော မိုးသည် ထွန်းတောက်တော့မည့် နေမင်းကြီးကိုတောင် တိမ်မဲ၊တိမ်ညိုတို့သည်  ဖုံးလွှမ်းချင်နေသေးသည်။

စံအိမ်တစ်ခုရှိ အခန်းတစ်ခန်း‌တွင် ထိုစိုထိုင်းထိုင်းရာသီဉတုကို အံတု၍ ရေချိုးခန်းထဲရှိ နားပျော်ဖွယ်ရာ ရေကျသံလေးကို ကြားရပေမည်။ အခန်းတစ်ခုလုံးသည် ပိုစတာတော်တော်များများနှင့် ရှုပ်ပွနေသလိုထင်ရသော်လည်း ထိုအခန်းထဲရှိ အသုံး‌အဆောင်ပစ္စည်းများသည် အဖြူရောင်သာ အများစုဖြစ်နေရ၏။

'ချက်စ်...!'

ရေချိုးခန်းတံခါးကို တွန်းဖွင့်ကာ အခန်းထဲသို့ ဝင်လာသော နေ့သည် ခေါင်းရှိ ဆံနွယ်များကို သပတ်ဖြင့်သုတ်နေ၏။ လည်တိုင်ကျော့ကျော့ သန်မာသော ရင်အုံအစုံသည်လည်း ရှု‌‌ေမျှာ်စရာကောင်းသည်။ ၀မ်းဗိုက်ချက်ချက်ရှိ ထင်ရှားသော six packများနှင့်လှပသော bodyကောက်ကြောင်းများကြောင့် gymမှာသွား၍ trainထားသည်မှာထင်ရှားသည်။ ထိုလှ‌ပသော မြင်ကွင်းကို ပို၍ပံပိုးပေးသည်မှာ လူငယ်ဆန်သည့် သန်မာလှသော အမွှေးအမျှင်တွေ..။

မေ့လျော့တက်သော နေ့၏ အကျင့်ကြောင့် ဖွင့်ထားမိသော တံခါးထဲသို့ ၀င်လာသောမိုးရေများ၏အကျိုးဖြင့် စိုရွှဲနေသောကြမ်းပြင်တွင် နေ့သတိထားစွာလျှောက်သွားပြီး.. နံနက်ခင်းလေကိုတစ်ချက်ရှူရှိုက်ကာ ပြတင်းပေါက်ကို တင်းကြပ်စွာပိတ်လိုက်၏။

နေ့ဆိုသည်မှာ အမြဲတမ်းမိမိ၏ ပုံပန်းအသွင်အပြင်ကို လိုသည်ထက် ပိုအလေးပေးတက်‌ေသာ‌ေကြာင့် အခန်းထဲတွင် လူတစ်ရက်ထက် အနည်းငယ်ပိုရှည်သည့် မှန်ရှည်က မရှိမဖြစ်။ နေ့ အိမ်မှာရှိချိန်မှာ 10နာရီခန့်ဆိုလျှင် နေ့ထိုမှန်ရှည်မှာ ရပ်ကြည့်နေမိသည်မှာ 6နာရီလောက်ရှိပေမည်။

ထုံးစံအတိုင်း နေ့သည် မိမိခန္ဓာကိုယ်ကို ကျေနပ်စွာလှည့်ပတ်ကြည့်ပြီး ချို့ယွမ်းချက်ဟုမဆိုသာသည့် အမာအရွတ်နှစ်ခုသာ ခန္ဓာကိုယ်တွင်ထူးခြားစွာရှိသည်။ တစ်ခုမှာ ကျယ်ပြန့်လှသော ကျောပြင်တစ်ခုလုံးတွင် ကျကျနနနေရာယူထားသည့် တက်တူးပုံစံအမာရွတ် နှင့် ဒုတိယတစ်ခုမှာ မြင်တောင်မမြင်နိုင်တော့သည့် ပုခုံးထက်၌ သေးငယ်သော ဓားရှရာတစ်ခု..။ နေ့အကျင့်ပါနေသည့်အတိုင်း အမာရွတ်ကို လက်ဖြင့်အသာအယာပွတ်မိကာ တည်တန့်နေသော နှုတ်ခမ်းပါးသည်လည်း အပြုံးရိပ်များမဖုံးကွယ်နိုင်ခဲ့ချေ။

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Wo Geschichten leben. Entdecke jetzt