EP.17

1.2K 67 6
                                    

Unicode.

White boxing world ဆိုင်ခွဲများသာမက Rနိုင်ငံ၏ ဌာနချုပ်ပါမကျန် အလုံးစုံတွင် VIPအခန်းဟုခေါ်ရမည့် သီးသန့်ခန်း 5ခန်းကို ပြင်ဆင်ပေးထား၏။ ထိုသီးသန့်ခန်း 5ခန်းရှိတစ်ခန်းမှာ White ကို တည်ထောင်သူအတွက်ဖြစ်ပြီး၊ 4ခန်းမှာ ကမ္ဘာ့အနှံ အင်အားစုကြီးများကိုရည်ညွှန်း၏။ Rနိုင်ငံတွင်အခြေတည်ထားသော ပထမဂိုဏ်း 3ဂိုဏ်း!၊ကမ္ဘာ့အစိုးရအကြီးအကဲများအတွက် 1ခန်း! ဟူ၍ဖြစ်၏။

ထိုVIPခန်းများကို စင်‌ပေါ်ရှိ အဖြူရောင်မျှော်စင်တွင်တည်ဆောက်ထား၏။ အတွင်းမှသာဖောက်မြင်ရသော မှန်အကြည်တစ်ခုနှင့်5stars hotelနီးပါး ကျယ်လှသည့် VIPအခန်းများထဲမှ တစ်ခန်းသည် ယနေ့၌ မီးများလင်းထိန်နေသောကြောင့် အဖြူရောင်မျှော်စင်၌ ‌အစောင့်အကြပ်များပြည့်နှံနေ၏။

VIPအခန်းတွင်...

ဝိုင်အပျော့စားကို တစ်ငုံသောက်၍ အလှတပ်မျက်မှန်ကို လက်ညိုးဖြင့် အောက်စိုက်ကာ အခန်းထောင့်ရှိ ပျောက်ကွယ်လုမတက် ကပ်နေသည့်သူဆီသို့ လှည့်၍ မဲ့တဲ့တဲ့စကားဆိုလိုက်၏။

"အိုး.. ကြီးမြတ်လှတဲ့ ဆက်ခံသူကြီးက ငြိမ်လှခြည်လား.."

"ထို့ထို့ရာ! ငါတို့ကောင်ကြီးကို သွားမစစမ်းပါနဲ့ ဟိုကဘာပူမိနေမှန်းမသိဘူး.."

တည်ကြည်သော နေပုံထိုင်ပုံ တွန့်ကြေမှုမရှိသော အ၀တ်အစားများဖြင့် လူကြီးလူကောင်းဆန်ပုံရသော ထိုသူမှာ ပြောနေရင်း ရယ်မြူးရိပ်လေးတွေ ထိန်းမရ..။

ထိုအချိန် အလယ်ဆိုဖာ၌ အရက်ပုလင်းလိုက်ကို အားရကာမော့ချပြီးသော အစိုး (ခေါ်) စံစိုးစေဇံ သည် နှုတ်ခမ်းထောင့် စီးကျနေသည့် အရက်များကို သုတ်၍ လေချဉ်တစ်ချက် ဂေ့ခနဲ တက်လိုက်၏။

"မင်းတို့ကလည်း သောက်စရာတွေကိုသောက်ကွာ စစ်! မင်းလည်းသောက်! မဖြုန်းတီးစမ်းနဲ့.."

ပြောလည်းပြော နောက်တစ်ပုလင်းကို အံစောင်းနှင့် ဖောက်၍ မော့ချလိုက်သည့် အစိုးကြောင့် မန်းမန်း နှင့် ထို့ထို့မှာ ထိုအရက်သမားကို အဖက်မလုပ်သော်လည်း။ နံရံ၌ ကပ်ကာ ကိုယ်ပျောက်နေသည့် စစ်မှာတော့ ဖုန်းနှင့် မျက်နှာခွာလာခဲ့၏။

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Where stories live. Discover now