EP.38

142 6 3
                                    

Unicode..

နေ့တစ်နေ့သာတစ်လျှောက် အလှပဆုံးအချိန်ဟူသည် နေထွက်ရှိချိန်နှင့် နေ၀င်ချိန်ဖြစ်သော်ငြား ထိုနေရာသည်တော့ နေထွက်ရာနေရာအရပ်တွင် မြင့်မားလှသောတောင်တန်းကြီးမှာ လှပသောနေမင်းအသူရိန်ကိုပိတ်ဆို့လျက် တည်ရှိနေသည်။

ထိုသည် Rudeness country ...

Rနိုင်ငံဟူ၍ အတိုကောက်ခေါ်ဝေါ်သောထိုနိုင်ငံသည် ဉပဒေတို့နှင့်လွတ်ကင်းရာတစ်ခုတည်းသောနေရာ..၊ ဂိုဏ်းပေါင်းများစွာတောင့်တနေသည့်ထိုနေရာ၊ သာမာန်သူတွေမလာနိုင်သည့်ထိုနေရာသည် ပထမဂိုဏ်း၃ဂိုဏ်း၏အခြေစိုက်ရာနေရာ...။

Rနိုင်ငံမ၀င်ခင်၌ ဉီးစွာလေယာဉ်ကွင်းအသေးစားတစ်ခုတည်ရှိပြီး ထိုနေရာမှ ရှေ့သို့ဉီး‌တည်သွားသည့်အချိန်တွင် နေ့ဘက်ပင်ဖြစ်စေ ညဘက်တွင်ဖြစ်စေ အရှေ့အရပ်တွင်မြင့်မားစွာတည်ရှိနေသည့် တောင်းတန်းကြောင့် Rနိုင်ငံသွားရာလမ်းတစ်လျှောက်သည် နက်မှောင်စွာဖြင့် မာရဏလမ်းကိုဖြတ်သန်းနေရသည့်အတိုင်းသာ..။

ခေတ်တ ကားဖြင့်မောင်းနှင်ပြီလျင် အဝေး၌ကြည့်မျှော်တောင်မှ ထင်ရှားစွာမြင်ရသည်မှာ တဖျက်ဖျက်တောက်ပနေသည့် Rudeness ဟူသည့်ဆိုင်းဘုတ်တစ်ခုဖြစ်တည်။ ထိုတဖျက်ဖျက်‌ေတာက်ပ‌ေန‌ေသာအရာများသည်အခြားမဟုတ် မြောက်များလှသော စိန်များပင်တည်း..၊ စိန်ဖြင့်ထွင်းထုထားသော နိုင်ငံနာမည် ထွင်းထုထားသောနောက်ခံသည်တော့ နက်မှောင်လှသောကျောက်တစ်မျိုးဖြစ်သည့် မဟူရာကျောက်၊ ထိုမျှတန်ဖိုးကြီး‌ေသာဆိုင်းဘုတ်ဖြစ်‌ေသာ်ငြား ဆိုးသွမ်းလှသည်ဆိုသည့် Rနိုင်ငံရှိလူများသည် ထိုအရာကိုခိုးယူရမည့်အစား အထိအခိုက်ပင်မခံကြပေ၊ထိုထက်ထူးဆန်းသည်မှာ တစ်ခြားသောနိုင်ငံများနှင့်မတူညီသောအရာမှာ ထိုနေရာတွင် အစောင့်အကြပ်မဆို..၊ ခွေးတစ်ကောင်၊ ကြောင်တစ်မြှီးမျှမတွေ့ချေ၊ ထိုသည်မှာ နာမည်ဆိုးဖြင့်ကျော်ကြားသည့် Rနိုင်ငံ၏၀င်ပေါက်ပင်တည်း...။

နေ့ဘက်တွင်ရှုပ်ထွေးပွေလီလှသော ထိုနိုင်ငံ၊ ညဘက်တွင် လူခြေတိတ်သော ထိုနိုင်ငံ...၊

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Where stories live. Discover now