EP.8

1.5K 90 11
                                    

Unicode..

နေ့‌ဆီးကရက်ကို မီးညှိ့၍ လေးပင်နေသောစိတ်များကို ဆီးကရက်မီးခိုးများဖြင့် လွင့်ထွက်သွားစေသည်။ ဖုန်းထဲ၌ နာမည်မမှတ်ထားသော ဖုန်းနံပါတ်တစ်ခုကိုကြည့်၍ နေ့ ချီတုံချတုံဖြစ်နေမိသည်။အဘယ်‌ေကြာင်းဆို‌ေသာ် ဖုန်း၀င်သွားခဲ့မည်ဆိုလျှင် သာလိကာထက် စကားများပြီး ရစ်သည့် မျက်သားမိုးရည်၏ ဘယ်လက်ရုံးအသံကိုကြားရမှာသေချာသည်။ သို့သော် နေ့ ‌စိတ်ကိုကြိုတင်ပြင်ဆင်ထားကာ ဖုန်းခေါ်လိုက်ရသည်။

ဆေးလိပ်ကိုတစ်ချက်ထပ်ရှိုက်ကာ နေ့ ဖုန်း၀င်သံ တဒူဒူကို အသာနားစွင့်၍ စောင့်နေစဉ် တစ်ဖက်ရှိ အမျိုးသားတစ်ယောက်အသံကြားလိုက်ရသည်။

"မျက်ရည်များကျတဲ့ည.."

"မကုန်ခမ်းနိုင်တဲ့ မိုးရေစက်များ.."

နေ့မင်းသစ် အပ်ကြောင်းထပ်နေသည့် စကားစုကို ရေရွတ်သည့်အခါမှ တစ်ဖက်ရှိ အမျိုးသားသည် လေယူလေသိမ်းကအစ ပြောင်းလဲသွားကာ ပျင်းရိပျင်းတွဲအသံဖြင့် စိတ်မရှည်စွာစကားဆိုသည်။

"ဘာကိစ္စရှိလို့ပါလဲ ဗလာမဲ့ဂိုဏ်းခေါင်းဆောင်.."

"ငါ J6 နဲ့စကားပြောချင်တယ်။"

ဖုန်းတစ်ဖက်ရှိ အမျိုးသားမှာ မျက်မှောင်အနည်းငယ်ကျုံ့သွားရပြီး လေးထောင့်ပုံစံမျက်မှန်ကို တစ်ချက်ပင့်တင်လိုက်၏။

"ခေါင်းဆောင်နဲ့ပြောချင်ရအောင် ဘာကိစ္စလဲ "

"နယ်စပ်ကိစ္စ"

"ကျုပ်နဲ့ပြောရင် အဆင်ပြေတယ်လေ ဘာကိစ္စ ခေါင်းဆောင်နဲ့မှပြောချင်တာလဲ.."

အမေးအမြန်းထူလှသည့် မျက်သားမိုးရေဂိုဏ်း၏ ဘယ်လက်ရုံးကို နေ့စိတ်မရှည်တော့သည့်အတွက် ခက်ထန်သော လေသံဖြင့်ပြန်ကာပြောကြားလိုက်သည်။

"မင်းနဲ့မပြောချင်ဘူး J6ကို ဖုန်းလွှဲပေး.."

"အေးလေ ကျုပ်နဲ့ပြောလို့.."

"ရလား? မရဘူးလား?.."

တဖြည်းဖြည်းအေးစက်လာသည့် နေ့ပုံရိပ်ကို မမြင်ရသော်လည်း ဖုန်းတစ်ဖက်ရှိအမျိုးသားသည် နှာတစ်ချက်မှုတ်၍ အလိုမကျစွာ ပြန်ပြောသည်။

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Where stories live. Discover now