EP.29

415 19 7
                                    

Unicode..

(မိုးစက်_ကိုကိုကြီး- နေ့၏အကိုအကြီးဆုံး-ဗလာမဲ့ဂိုဏ်းခေါင်းဆောင်။

နှင်းစက်ခ_အကို-သွေးမတော်သားမစပ်တဲ့ နေ့၏အကို-ဗလာမဲ့ဂိုဏ်းဒုခေါင်းဆောင် [ဂိုဏ်းထဲ၀င်လို့ မိသားစုအဖြစ်ကနေစွန့်လွှတ်ထားပြီး စံအိမ်နဲ့ပတ်သက်မှုမရှိတော့..]

ကိုယ်လည်းမေ့နေလို့ အားလုံးလည်းမေ့နေမှာဆိုးလို့ပြောပြတာပါ..။)

"ဂိုဏ်းခေါင်းဆောင်.."

"ဂိုဏ်းခေါင်းဆောင်"

တင်းမာသောမျက်နှာထားဖြင့် ခက်ထန်စွာဖြင့် တိုက်ထဲသို့၀င်လာသော မိုးစက်ကို လမ်း၌တွေ့တွေ့သမျှသူတိုင်းသည် ကိုယ်ကိုကိုင်းညွှတ်၍နှုတ်ဆက်ကြသော်လည်း မိုးစက်တစ်ချက်လေးတောင်လှည့်မကြည့်နိုင်ပေ...။

"ဂိုဏ်းခေါင်ဆောင်.."

အပေါ်၀တ်အကျီအလွတ်နှင့် ရင်ဘတ်ခပ်တောင့်တောင့်တွင် ပတ်တီးဖြူဖြူများထင်းနေသည့် သူသည် ယောင်ကိုင်းသောမျက်နှာဖြင့် မိုးစက်ထံသို့ နှုတ်ဆက်လာ၏။

"ဒုဂိုဏ်းခေါင်းဆောင်ရော"

"ဒုခေါင်းဆောင်က အခန်းထဲမှာပါ ခေါင်းဆောင်.. "

"ငါ့ကိုသူ့ဆီခေါ်သွား"

"ဟုတ်ကဲ့.."

တတိယထပ်ရှိအခန်းငယ်လေးတစ်ခုရှေ့တွေ ရပ်လိုက်သော ထိုသူ့နောက် မိုးစက်လည်း ခြေလှမ်းများရပ်စဲလိုက်သည်။

"ဖွင့်လိုက်.."

အမိန့်ပေးသံအဆုံး ဖွင့်လိုက်သော တံခါးထဲသို့ မိုးစက် ၀င်လာခဲ့၏။

တစ်ယောက်အိပ်စာ သံကုတင်ထက်တွင် အနက်ရောင်ကိုယ်ကျပ်အကျီကို၀တ်ဆင်ထားသော သူတစ်ယောက် ကုတင်ခေါင်းရင်းကိုမှီကာထိုင်နေ၏။ ထိုသူ့၏ မစီးနှောင်ထားသော ဆံပင်ရှည်တို့သည်လည်း ပုခုံးသို့ခပ်ယွဲ့ယွဲ့နှင့် မျက်နှာကိုလည်းတစ်စွန်းတစ်စအုပ်လျက်သားရှိ၏။

ဂျိုင်းပြတ်ကိုယ်ကျပ်အကျီတွင် ညာဘက်လက်မောင်းတွင် ပတ်တီးဖြူဖြူဖွေးဖွေးကိုစီးနှောင်ထားပြီး ဘယ်ဘက်ခြေထောက်ရှိ ကပ်ကြေးဖြင့်သေသေသပ်သပ်လှီးဖြတ်ထားသော ဘောင်းဘီအောက်တွင် ပတ်တီးကိုစီးနှောင်နေစဲ ဂိုဏ်း၏ဆရာ၀န်ရှိနေ၏။

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Where stories live. Discover now