Ep.34

515 13 7
                                    

Unicode..

အနက်ရောင်လက်အိတ်အမဲကိုချွတ်ပြီးတောင်မှ နေ့၏ လက်များသည် သွေးများစွန်းထင်းနေ၏။ အလိုက်သိစွာ Sanaမှအသင့်ပြင်ပေးထားသော လက်သုတ်ပုဝါဖြင့်သွေးများစင်သည်အထိ အားဖြင့်ဖိကာသုတ်နေလေသည်။

"Rayကလည်း ကြာလိုက်တာ...."

နေ့၏ ခပ်တိုးတိုးညီးညူသံတောင်မဆုံးပါသေး Rayသည် ဂိုထောင်အ၀မှာ ၀င်လာကာ နှုတ်ဆက်လိုက်၏။

"Boss.."

"သူရော"

"Bossအဆင်သင့်ပြင်ထားတဲ့ အနောက်ဘက်ဂိုထောင်မှာထားပေးထားပါတယ်boss၊ ထွက်မပြေးအောင် သော့လည်းပိတ်ခဲ့တယ်.. ပြီးတော့ ကြိုးနဲတုတ်ရင် သခင်လေးကျိုးစစ်နာမှာဆိုးလို့ သံကြိုးနဲ့ဘဲ ခြေထောက်နဲ့လက်ကိုသော့ခတ်ထားပါတယ်.."

"သံကြိုးနဲ့ခတ်ထားတယ်?.. အင်း မဆိုးပါဘူးမဟုတ်ရင် အဲ့အဘိုကြီးအတင်းထွက်ပြေးနေလိမ့်မယ်.. လာလာ အခု သွားကြည့်ရအောင်.."

ထွက်ခွာရန်ခြေလှမ်းအစပြုနေသော နေ့ကို sana ရှေ့တစ်လှမ်းတိုးကာ တားလိုက်ရသည်။

"သခင်.. ဒီလူတွေက.."

sana အသိပေးချက်မှ နေ့၏ မှတ်ဉာဏ်များယခုမှပြန်ပေါ်လာသည့်အတိုင်း သွေးများစိုရွှဲ၍ အသက်ရှုနေသေးလတောင်မှန်းမရသည့် အီဂယ်နှင့် မျှော်လင့်ချက်များ လက်မှိုင်ချကာ မျက်၀န်းများပင်းပိတ်ကာ ငြိမ်သက်နေသော သော်တာတို့ဆီ အကြည့်ပြန်ရောက်မိ၏။

နေ့ ကျစ် ခနဲ စုတ်တစ်ချက်သက်လိုက်မိသည်။ ထိုလူများသည် နေ့ ကိုကိုထံသွားမည့်လမ်းကို ယခုထိတိုင်ပိတ်နေတာကြောင့်ပင်။

"သေနတ် ပေး.. "

နေ့၏ စိတ်မရှည်စွာ လက်ဖြန့်တောင်းလိုက်သည့်အချိန် မည်သည့်အချိန်က အသင့်ပြင်ထားပြီးမှန်းမသိသော သေနတ်တစ်လက်သည် sanaမှ နေ့ လက်ဖဝါးပေါ်အရောက် ထည့်ပေးလိုက်၏။ Rayမှာလည်း ထိုမျှချိန်သားကိုက်၍ ကျွမ်းကျင်စွာ မတုန့်စိုင်းသော sanaကိုကြည့်ကာ အားတကျကျ...။ သူကိုယ်တိုင်လည်း ထိုသို့ဖြစ်အောင် ဒီ့ထက်ပိုသင်ယူရမည်ဟုတေးမှတ်ထားလိုက်သည်။

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Where stories live. Discover now