UNICODE..
စံအိမ်၏ သုံးထပ်မြောက်ရှိ စာဖတ်ခန်းသည် နေ့မင်းသစ် အလုပ်ခန်းလည်းဖြစ်သည်။ အလုပ်ခန်းဟုသာ ဆိုရမည် တော်ယုံမလာဖြစ်သည့် နေရာတစ်ခုလည်း ဖြစ်သေးသည်။
ယနေ့တော့ အလုပ်ခန်းလေးသည် သက်ဝင်လှုပ်ရှားစွာ မီးရောင်များ ထွန်းလင်းနေသည်။
"နေ့... နယ်စပ်မှာ အခုနှစ်ပိုင်း ရှုပ်ထွေးမှုတွေ ပိုပိုဖြစ်လာတယ်ဆိုတာ မင်းသိတယ်မဟုတ်လား.."
"အင်း.. ငါသိတယ်.."
သောက်သုံးနေကြ စီးကရက်ကို လက်ညိုးဖြင့် ညှပ်ကာ မထူးမခြားစွာ နေ့ပြန်ဖြေ၏။ လင်းရှိန်သည် နေ့ကို ကြည့်ကာ လေးနက်စွာ ပြောကြား၏။
"နေ့.. နယ်စပ်က ကိစ္စတွေအားလုံးက Rနိုင်ငံနဲ့ ပတ်သက်နေတယ်ဆိုတာ မင်းသိမှာပါ..။ ဒါကြောင့် ကြာလာရင် သူတို့ပြန်လာခေါ်..."
"လင်းရှိန်!! သူတို့ ပြန်မလာခေါ်နိုင်စေရဘူး"
"နေ့...! သူတို့က.."
ရှိန်၏ ပြောလက်စ စကားများသည် နေ့၏ အကြည့်တစ်ချက်ကြောင့် ပျောက်ရှသွားခဲ့၏။ မြူမှိုင်းများလို ဝေဝါးနေသည့် ဆေးလိပ်မီးခိုးငွေ့များကို မှုတ်ထုတ်၍ အဝေးတစ်နေရာကို နေ့ မျှော်ကိုးကြည့်လိုက်သည်။
"ရှိန်.. ၄နှစ်နီးပါးရှိပြီ သူတို့ကို ငါပိတ်ဆို့ထားနိုင်တာ..။ သူတို့ကို ပိတ်ဆို့ထားလို့မရရင်လည်း ငါ ထိတ်တိုက်ရင်ဆိုင်မှာ.. ငါ သေချာပေါက် ထိတ်တိုက်ရင်ဆိုင်မှာ..။ သူ့ကို မထည့်ပေးနိုင်ဘူး..။"
ပြတ်သားလှသည့် နေ့ကြောင့် လင်းရှိန် ရေးရေးလေးပြုံးမိသွား၏။ နေ့ဆိုသည်မှာ မည်မျှ ခေါင်းမာလိုက်သနည်း။ အနိမ့်ဆုံးသို့ ကျဆင်းနေသည့် ဂိုဏ်းတစ်ဂိုဏ်းသည် ကမ္ဘာ့အကြီးဆုံးဖြစ်သည့် လက်တစ်ဖက်စာတောင် မပြည့်သော ဂိုဏ်းများထဲမှ ဂိုဏ်းတစ်ခုကို ရူးသွပ်စွာ တားဆီးဖို့ ကြိုးစားခဲ့၏။
ရှိရှိသမျှ သွေး၊ ချွေး၊ မျက်ရည်၊ နာကျင်မှု များကို ရင်း၍ ထိုဂိုဏ်းကို ၄နှစ်နီးပါး ထိန်းနိုင်သော်လည်း ယခုတော့ အခြေအနေဆိုးနေသည်ကို နေ့ကိုယ်တိုင်လည်းသိသည်ဆိုတာ သေချာသော်လည်း ယခုထိ ခေါင်းမာနေဆဲပင်။
![](https://img.wattpad.com/cover/281668086-288-k94258.jpg)
YOU ARE READING
RomanceHello!ဒီficလေးကကိုယ့်ရဲ့ပထမဉီးဆုံးficလေးဆိုတော့အမှားတွေလည်းပါလောက်ပါတယ်၊ပြီးတော့ဒီficလေးဟာစာရေးသူရဲ့စိတ်ကူးသာဖြစ်တဲ့အတွက်ကြောင့်၊မည်သည့်တစ်စုံတစ်ယောက်ကိုမှကူးယူဖော်ပြခြင်းမရှိကြောင်း၊တစ်စုံတရာတိုက်ဆိုင်မူရှိခဲ့ရင်စာရေးသူကတောင်းပန်ကြောင်းပြောချင်...