EP.39

84 3 0
                                    

Unicode..

ကျယ်ပြောလှသောလမ်းမကြီး၌ ပြေးဆွဲနေကြသော ကားများသည် လားရာမှာတူညီစွာ၊ သာမန်ဆန်သလိုဖြင့် ထည်ဝါစွာဖြစ်တည်နေသော Rudeness ဟူအသွင်ရှိသော ဆိုင်းဘုတ်ကိုဖြတ်ကျော်ကာ အလျှိုလျှို နိုင်ငံထဲသို့၀င်သွားကြသောကားထဲတွင် တစ်စီးမှအပေါစားမပါကြပေ။

အရှေ့ဘက်တွင်ရှိသောတောင်တန်းကြီးသည် ယနေ့လည်းတာ၀န်အတိုင်းခမ်းနားစွာတည်ရှိနေလေပြီး အသူရိန်နေမင်းကြီးကိုစွမ်းစွမ်းတမင်ပိတ်ပင်ထားသော်လည်း ခါတိုင်းနှင့်များဖြင့်ခြားနားစွာ Rနိုင်ငံလမ်းမထက်တွင်တော့ ရှုပ်ထွေးပွေလီမနေပါ။

ကားကြည့်မှန်မှတစ်ဆင့် တရိပ်ရိပ်ဖြတ်ပြေးသွားသောပုံရိပ်များကို ကားနောက်ခန်းတွင်ခန့်ညားစွာထိုင်နေသောအမျိုးသားသည် မျက်နှာထက်တွင်နှုတ်ခမ်းတို့ကခပ်ပြုံးပြုံး...။ တောင့်တင်းသန်မာပုံရသောလက်အစုံတို့သည် ပန်းပုရုပ်များကိုမနာလိုစေအောင်လှပနေလွန်းသည်မက ပန်းပုဆရာများတောင်မြှောက်ပင့်လိုဆုံးမယ်မထင်သောထိုလက်အစုံသည်မြင့်တက်ကာဖြင့် ကားမှန်ကိုချလေသည်။

လေကိုပြင်းပြင်းရှုရှိုက်လိုက်သည့်အခါ ထိုအမျိုးသား၏ရင်အုံအစုံတို့သည်လည်း လှိုက်မောဖွယ်မြင့်တက်လာသည်မှာ အလွန်တရာကိုမှ ရမက်သွေးကြွဖွယ်ရာဖြစ်နေပြန်သေးသည်။

*ဒီမြေက ခင်ဗျားကြီးပျင်းလာတဲ့မြေဆိုတဲ့အတိုင်း ‌အရာရာလှပနေတော့တာဘဲ

နေ့နှစ်ခြိုက်စွာတွေးရင်း မဝေးတော့မဲ့ရှေ့ပြေး၌ ဒီမြေ၊ဒီနိုင်ငံ၊ဒီလမ်းတွေကို ချစ်ရသောတစ်စုံတစ်ယောက်ခြေရာနှင့်အတူ ပွေလီစွာဖြင့် ခြယ်သဖြစ်မည်ကိုတွေးရင်းဖြင့် မျက်၀န်းဝိုင်းများအပြုံးတော့ကော့တက်သည်အထိနှစ်ခြိုက်စွာပြုံးလိုက်မိသေးသည်။
__

တောင်တန်းကြီးကိုပိတ်ကားသဖွယ်ခံထားပြီး ဆောက်လုပ်ထားသည့်အဆောက်အဉီးများသည် တားမြစ်နယ်နိမိတ်ဖြစ်သည့်ထိုတောင်တန်းနှင့်အနီးဆုံးအဆောက်အဉီးတစ်ခုဖြစ်ပေသည်။

အချိန်အခါကျတိုင်း ကမ္ဘာတုန်လှုပ်စေမည့်ဆုံးဖြတ်ချက်များကိုချသည့်နေရာဆိုသည့်အတိုင်း အစောင့်အကြပ်များပေသော်ငြား ယနေ့တွင်တော့ ခန်းမကြီးနှင့်ဂိတ်တံခါးကိုအကျယ်ဆုံးဖွင့်ထားလေပြီး မဆဲနိုင်သောသူများသည်ဂိတ်၀ကို၀င်ချီ၊ထွက်ချီလုပ်နေသော်ငြား ခန်းမကြီးကိုဉီးတည်သွားသောသူများသည် အပြင်တွင်ရပ်နေသောသူများနှင့်ယဉ်လျင် ၅ပုံ၁ပုံမျှပမာဏခန့်ဖြစ်သည်။ ထောင့်တိုင်းအလိုလို၊ တံခါးပေါက်တိုင်းအလိုလို၊ နေရာတိုင်းတွင် မေ့ဆေး/ထုံဆေး သေနတ်များကိုင်ဆောင်လျက်သားသူများသည်တော့ ပထမဂိုဏ်း၃ဂိုဏ်းမှအသီးသီးပို့လွှတ်ထားသောသူများဖြစ်သည်။

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Where stories live. Discover now