EP 32

629 11 8
                                    

Unicode..

မှေးမှိန်ပျောက်ကွယ်လှနီးပါးဖြစ်နေသော လကို တိမ်နက်တွေကဖုန်းလွှမ်းသွားကာ ကောင်းကင်တစ်ခုလုံးအမှောင်အတိအတိုင်းပါပင်။ အလုပ်ကိစ္စသံတို့စူညံနေတက်သည့် xxxbar၏ VIPအခန်းတစ်ခန်းတွင်တော့ တက်ကြွမှုများလည်းပျောက်ဆုံးနေ၍ တိတ်ဆိတ်လွန်းလှ၏။

သီးသန့်ပြင်ဆင်‌ေပးထားသော အခန်းတစ်ခန်းမှန်းသိသာလှစွာ အခန်းသည် barတစ်ခု၏အခန်းနှင့်တောင်မတူဘဲ အလုပ်အခန်းနှင့်တောင်နှိုင်းယှဉ်၍ရလောက်အောင်ပင်။

"ဒါဆို.. အခု သူတို့က နေရာပြောင်းဖို့လုပ်နေကြတယ်ပေါ့"

"ဟုတ်ပါတယ်သခင်"

မျက်ရိုးကိုအသာဖိနှိတ်နေသောလက်တွေသည်ရပ်တန့်သွားကာ နေ့ခေါင်းမော့ကာ ရပ်နေသော sanaကိုကြည့်လိုက်၏။ အတန်ငယ်နီရဲနေသောမျက်လုံးများနှင့် အံကိုတင်းခဲအောင်ကြိတ်ထားသောကြောင့် နေ့၏ပါးစောင်းအကြောများထောင်တက်နေရသည်။

"ခေါင်းမော့စမ်း.."

Sana ခေါင်းကိုမဝံမရဲသာမော့ကြည့်လာသည်။ ရေခဲရိုက်ထားသည့်သူ၏မျက်နှာသည် ယခုတော့အပြစ်ရှိစိတ်များအနည်းငယ်စိုးထင်းနေ၏။

"ခေါင်းငုံပြီးနေတာကို မကြိုက်ဘူးလို့ ပြောထားတယ်‌လေ နောက်တစ်ခါဆို သတိပေးရုံနဲ့ပြီးမှာမဟုတ်ဘူးနော် sana"

"နားလည်ပါပြီ သခင်"

နှုတ်၌သာပြတ်သားစွာပြောလိုက်ပါသော်လည်း နေ့၏အကြည့်များကို မရင်ဆိုင်ရဲသည်မှာ ထင်ရှားစွာ ရဲရင့်လှသောမိန်းမပျိုမှာ ယခုတော့ ကနာမငြိမ်ဖြစ်နေ၏။

နေ့လည်း sana၏ ရှောင်ပြေးနေသော် မျက်လုံးများကို လိုက်ကြည့်မနေတော့ဘဲ ပို၍နီတက်လာသောမျက်လုံးများကို ဖုံးကွယ်သည့်အနေဖြင့် စားပွဲသို့အသာခပ်ငိုက်ငိုက်စိုက်ကြည့်ပြီး ပြောလိုက်၏။

"သေတဲ့သူကသေသွားပြီဘဲ ကိုယ့်ကိုယ်ကိုအပြစ်တင်မနေနဲ့ မင်းအမှားမပါပါဘူး"

ကျဆင်းသွားသော မျက်ရည်စက်ကို ဖုံးကွယ်လိုက်သော်လည်း ခပ်တင်းတင်းလေသံမှာအဖျားခတ်စွာတုန်ရီနေသေး၏။
ကိုယ့်ကိုယ်ကိုနှိမ့်သိမ့်နေသည်လား sana ကိုဘဲပြောနေမိသည်လား နေ့မရေရာသော်လည်း နေ့ရော sanaရောမှာတော့ အပြစ်ရှိစိတ်တွေကလျော့ပေါ့မသွားပါပေ။

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Where stories live. Discover now