EP.18

1.3K 63 4
                                    

Unicode..

"လေး လေးလုံးကတော့ တကယ့်ကို နာမည်အတိုင်းဘဲ..! သူ့ပွဲတွေ ကြည့်ချင်နေတာကြာပြီ ကြားထားတာထက် ပိုတော်တာဘဲ..!"

ပြုံးရွှင်နေသော မျက်နှာဘေးနှင့် ထို့ထို့ကြောင့် အေးဆေးတည်ငြိမ်သူ မန်းမန်းတောင် ကျေနပ်မှုပေါ်လွင်သည့် အပြုံးတစ်ခုဖြင့် ဘီယာခွက်ကို ဆွဲယူကာ မေးလိုက်၏။

"ဒါနဲ့ ဘာလို့ သူ့ကို လေး လေးလုံးလို့ခေါ်တာလဲ..?"

မန်းမန်းအမေးကြောင့် ထို့ထို့‌သည် ဟီးဟီးဟားဟား ထရယ်တော့၏။ ထို့နောက် တုံးရန်ကောဟူသည့် အကြည့်တစ်ချက်ပို့လိုက်၏။

"မင်းဒါတောင် မသိဘူးလား မန်းမန်းရာ..! ဒါက white boxingရဲ့ စည်းမျဉ်းတွေထဲက တစ်ခုလေ..။ မင်းသိချင်ရင် ငါတို့ရဲ့ အစိုးကိုမေးသင့်တယ်..၊သူက boxingပွဲတွေ တော်တော်သွားတယ်၊ အာ.. မဟုတ်သေးဘူး သူက အရက်ရှိတဲ့နေရာတိုင်း သွားတယ်.."

ထို့ထို့၏ ရယ်မောရိပ်သန်းနေသည့် အပြောကြောင့် အစိုး အကြည့်စူးစူးကို ပြည့်လွှတ်လိုက်၏။
ထို့နောက် ရစ်မူးရိပ်သန်းနေသည့် နီဖျော့ဖျော့မျက်နှာသည် တည်ကြည်မှုအပြည့်ဖြစ် ဆို၏။

"White boxing worldက တရားဝင် လက်ဝှေ့ပွဲဘဲ။လစဉ်လတိုင်း သေတဲ့သူတွေကလွှဲရင် အကုန်ပုံမှန်ဘဲ။whiteက လတိုင်းလတိုင်း ရတဲ့ ငွေတွေကိုလည်း ပထမအဆင့်ဂိုဏ်း ၃ဂိုဏ်းကို ခွဲပြီးဆက်သတယ်။ ဒါ့အပြင် အစိုးရပိုင်းတွေကိုလည်း အခွန်အဖြစ် ထိုးကျွေးသေးတယ်။ whiteရဲ့ စင်မြင့်ပေါ် တက်ဖို့က ထင်သလောက်မလွယ်ဘူး။အသက်ပြည့်ကြောင်းထောက်ခံချက်ရယ်၊ အသက်အတွက် စာချုပ်လည်းချုပ်ရတယ်၊ ပြီးတော့ စင်ပေါ် တက်နိုင်တဲ့ အရည်အချင်းရှိ၊ မရှိ စစ်ဆေးတယ်။ စနေနေ့တိုင်းမှာ အကြီးဆုံး လက်ဝှေ့ပွဲလုပ်ပြီး ကျန်ရက်တွေမှာတော့ တစ်နေ့ကို လူသစ်အတွက် လက်ဝှေ့ပွဲ ၂ပွဲဘဲ ကျင်းပတယ်။ ဒါပေမဲ့ whiteက လူသေမှုအရမ်းမြင့်တာ..။ တစ်ချို့တွေဆိုရင်ပြောကြသေးတယ် သေချင်ရင် ဖြူဖွေးနေတဲ့ စင်မြင့်ပေါ်သာ တက်လှမ်းလိုက်တဲ့.. "

"ငါမေးတာ လေး လေးလုံးအကြောင်းနော်.."

ဖီးလ်အပြည့်နှင့် ပြောနေသည့် အစိုးအဖို့ မန်းမန်းစကားကြောင်း ငုတ်သွားသည့် ဖီးလ်ကို အရက်ပုလင်းတစ်ချက်မော့၍ ထိန်းလိုက်ရ၏။

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Where stories live. Discover now