EP.19

1.8K 69 10
                                    

Unicode..

မောဟိုက်နေသော ရင်ဘတ်မှာ ပိန်လိုက်၊ဖောင်းလိုက်ဖြင့် အသက်လုရှုနေကြသော ကောင်လေးနှစ်ယောက်သည် ဖုံးအုပ်နေသော maskကြောင့် လေကို ၀အောင်တော့မရှုနိုင်။

Maskကိုချွတ်ဖို့ သတိမရသည်လား... ဆွဲကိုင်ထားသည့် လက်ကို မဖြုတ်ချင်လားဟူသည်မှာ ထိုကောင်လေးနှစ်ယောက်သာ သိနိုင်၏..။

Maskအောက်ရှိနေ့၏ နှုတ်ခမ်းများသည် ဉီးထုတ်အောက်ရှိ ချွေးများစို့နေသော စစ် နဖူးပြင်ကို ကြည့်ပြီး အလိုမကျစွာ တွန့်ကွေးသွားပြီး အနည်းငယ်ရှည်သော ရှပ်လက်ရှည်၏ အကူအညီကိုယူကာ စစ် နဖူးပြင်ရှိ ‌ချွေးများကိုပွတ်ဆွဲကာ သုတ်ပေးနေသည်ကို စစ်သည် မရှောင်မိဖယ်ခဲ့ပေ။

နှစ်အနည်းငယ် ငယ်ရွယ်သော နေ့သည် လူငယ်ဆိုသည့်အတိုင်း အထွားလည်း အင်မတန်မြန်လှသည်..။ လွန်ခဲ့သော လ အနည်းငယ်က စစ်ထက် အနည်းငယ်ပုသော နေ့အရပ်သည် ယခုတော့ မည်သူရှည်သည်၊ မည်သူပုသည်ဟူ၍ ပြော၍မရတော့...။ နောက်ဆို စစ်သည်တောင် နေ့ကို အနည်းငယ်ပြန်မော့ကြည့်ရေး မြင်နေသည့်အတွက် စစ် workoutအတွက် timelineတစ်ခု ဆွဲရမည်ဟု ဆုံးဖြတ်ချက်ချမိ၏။

"ခင်ဗျား.. ဘာလို့ အဲ့လောက်တောင် နမော်နမဲ့ နိုင်ရတာလည်း whiteက လူတွေကို သွားထိတာက တိုက်ပွဲခေါ်သံလိုဘဲ သိရဲ့လား..။ ခင်ဗျားဘာသာ သွေးဘုရင်-စစ် မကလို့ အလောင်းဘုရင်ဘဲ ဖြစ်နေအုန်း ဒါက သူတို့နယ်မြေ ခင်ဗျားကိုယ်ကို ဇကာပေါက်ဖြစ်အောင်လုပ်ချင်လို့လား..."

ဆူပူကြိမ်းမောင်းနေသည့် နေ့မင်းသစ်သည် သူ့ကိုယ်သူ အငယ်ဆိုတာလည်းမေ့နေသည့်ပုန်..။ လူကဖြင့် လက်တောင့်လောက်နှင့် စစ်တို့ လက်ညိုးညွှန်ရာ အလောင်းပေါ်လာတဲ့အချိန် ထိုကောင်လေးသည် ရွှံတွေ၊ ဗွက်တွေနှင့်သာ ကစားနေဉီးမယ်။

စစ် မနာခံစွာ maskအောက်ရှိ မေးချွန်ချွန်လေးသည် ခပ်တင်းတင်းဖြစ်သွားရပြီး ပါးလေးများ အနည်းငယ်ဖောင်းတက်သွားသည်ကို နေ့ မမြင်သော်လည်း ကလန်ကဆန်လုပ်နေသည့် စစ် မျက်လုံးများကြောင့် ချွေးသုတ်ပေးနေသည်ကို မချရသေးသော လက်ဖြင့် စစ် နဖူးလေးကို ခပ်ဖွဖွတောက်လိုက်၏..။

ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!(ခင်ဗျားကြီးကိုမုန်းတယ် ချစ်ရသူရေ!)Where stories live. Discover now