Chapter - 1

7.4K 471 17
                                    

Unicode

၁၄၅၅။ နောက်ထပ် အေးစက်အထင်သေးတဲ့အကြည့်
_______________________

နောက်ဆုံးမှာတော့ နဉ်ရှုက ဒီအထောက်အကူပစ္စည်းကို ကုသိုလ်မှတ်၉၅မှတ်နဲ့ဝယ်လိုက်သည်။ ဒါကို အောင်အောင်မြင်မြင်ဝယ်ပြီးနောက် သူမက စားသောက်ဆိုင်တစ်ဆိုင်မှာ သွားစားဖို့ပြင်သည်။

စားသောက်ဆိုင်တွေက တကယ်ကိုလက်ရာကောင်းသည်။ အရင်ကမ္ဘာက အဲ့အတွေ့အကြုံကြီးပြီးတဲ့နောက်မှာ သူမ ခေါက်ဆွဲတွေကို အချိန်အတော်ကြာထပ်မမြင်ချင်တော့ဘူးလို့ နဉ်ရှု တွေးလိုက်မိ၏။

စားသောက်ဆိုင်ထဲလျှောက်သွားပြီးနောက် သူမက စားပွဲအလွတ်တစ်လုံးမှာဝင်ထိုင်လိုက်ပြီး စားစရာတွေအများကြီးမှာလိုက်သည်။ သူမ ကြက်ပေါင်ကိုက်နေတုန်းမှာပဲ သူမခြေထောက်အောက်က ကြမ်းပြင်ကြီးတုန်သွားတယ်လို့ခံစားလိုက်ရသော်ငြား သိပ်ပြီးအရေးမလုပ်လိုက်ပါချေ။

သို့ပေသိ လှုပ်ခါနေတာက စားပွဲပေါ်က ဟင်းပန်ကန်တွေပါ စားပွဲနဲ့အတူလှုပ်လာသည်အထိ ပိုပိုပြင်းထန်လာ၏။

နဉ်ရှုမှာ စားပွဲကိုဖိချထားရသည်။ ဒါက တစ်ကမ္ဘာလုံး တုန်ခါနေသလိုခံစားရစေသည်။

ငလျင်လား?

ပြေးဟ!

နဉ်ရှုက ဆိုင်အပြင်ဘက်ပြေးထွက်လာပြီး လမ်းပေါ်ရောက်မှသာ ရပ်လိုက်တော့၏။ သူမခြေထောက်အောက်ရှိထုံးကျောက်ပြားက မရပ်မနားလှုပ်ခါနေကာ ကွဲအက်လာသည်။

ဟိုလီရှစ်၊ ဘာဖြစ်နေတာတုန်းဟ?

[T/N : ဟိုလီရှစ် = holy shit]

နဉ်ရှုမှာ မနေနိုင်တော့ဘဲ ကောင်းကင်ကိုမော့ကြည့်လိုက်မိပြီး အနက်ရောင်လေကာအင်္ကျီဝတ်ထားတဲ့အမျိုးသားတစ်ယောက်က ကောင်းကင်ထက်မှာလမ်းလျှောက်နေသည်ကို အချိန်ကိုက်ပင်တွေ့လိုက်ရတော့၏။ နဉ်ရှုက မျက်လုံးတို့ကိုမှေးကျဉ်းလိုက်သည်။ ဒီလူ့ကို တော်တော်လေးရင်းနှီးနေတယ်၊ အန်ကယ်များလား?

အန်ကယ်က သူ့ဘေးနားကယောက်ျားတစ်ယောက်နဲ့ ရှေ့ကိုဆက်လျှောက်မသွားခင် နဉ်ရှုကို လှမ်းကြည့်လာသည်မို့ သူက သူမရဲ့အကြည့်ကို သတိထားမိသွားပုံရသည်။

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now