Chapter - 73

1.5K 287 7
                                    

Unicode

၁၅၂၇။ နတ်ဘုရားတွေအပေါ်မှာမူတည်တယ်
___________________

ဂိုဏ်းတူဦးလေးကဲမှာ တစ္ဆေဘုရင်အမြုတေကို သေချာပင်မကိုင်လိုက်ရဘဲ ပျောက်သွားခဲ့သည်။ သူ ဒါကိုလက်ခံနိုင်စရာအကြောင်းမရှိပါချေ။ သူက အဖိုးအိုကို အမြုတေပြန်ရအောင်ကူညီပေးစေချင်သည်။

အဖိုးအိုကပြောသည်။

"အဲ့ပစ္စည်းက မင်းလက်ထဲကလွတ်သွားမှတော့ မင်းမှာ အဲ့ပစ္စည်းကိုရဖို့ကံမပါဘူး။ အမြုတေက စွမ်းအားကြီးတစ္ဆေဘုရင်တစ်ကောင်ကိုထပ်ဖန်တီးမယ်၊ မဖန်တီးဘူးဆိုတာကတော့ နတ်ဘုရားတွေအပေါ်မှာမူတည်တယ်။"

"အတင်းမလုပ်နဲ့၊ ခြောက်ပေကျင်းထဲရောက်သွားဦးမယ်။"

ဂိုဏ်းတူဦးလေးကဲက နည်းနည်းစိတ်ဓာတ်ကျနေပုံပေါ်ကာ သက်ပြင်းချသည်။

"မင်း ဘာမှမဖြစ်မှတော့ ငါပြန်မယ်။ အဲ့အမြုတေကိုပြန်ယူဖို့စဉ်းတောင်မစဉ်းစားနဲ့။ အဲ့ဒါက တစ္ဆေလောက,ကပစ္စည်းပဲလေ။ မင်းဆီမှာအဲ့ပစ္စည်းရှိတာက ဒုက္ခရှာတာပဲ။"

ထို့နောက် အဖိုးအိုကထွက်ခွာသွား၏။

ဆေးရုံကနေထွက်လာပြီးနောက် နဉ်ရှုက အဖိုးအိုကိုမေးဟည်။

"ဆရာ တစ္ဆေဘုရင်အမြုတေကိုပြန်မလိုချင်တာသေချာရဲ့လား?"

"အဲ့ဒါကိုဘာအတွက်ရှာမှာလဲ? ကောင်းကင်ဘုံမှာ ဒီလိုကိစ္စတွေအတွက် အစီအစဉ်တွေရှိပြီးသား။"

အဖိုးအိုက ပေါ့ပါးစွာဆိုသည်။

"ပြီးတော့ ရှာ‌တွေ့ပြီဆိုရင်ရော? ငါ အဲ့ဒါကို သရဲဆီကနေထုတ်လိုက်ရမှာလား?"

"တစ်ယောက်ယောက်က ပြစ်မှုကြီးကြီးမားမားမကျူးလွန်သရွေ့တော့ လူဖြစ်ဖြစ်၊ သရဲဖြစ်ဖြစ် ငါတို့ သွားသတ်လို့မရဘူး၊ မဟုတ်ရင် ငါတို့ ဝဋ်ပြန်လည်မှာပဲ။"

အဖိုးအိုကပြောသည်။

နဉ်ရှုကခေါင်းငြိမ့်သည်။

"နားလည်ပါပြီ။"

အဲ့နေ့မှာ နဉ်ရှုနဲ့အဖိုးအိုက သူတော်စင်ဘုရားကျောင်းဆီပြန်သွားကြပြီး နဉ်ရှုက အငြိုးကြီးစ္ဆေတွေကိုသုတ်သင်တာနဲ့ ဂိုဏ်းတူမောင်လေးတွေနဲ့ညီမလေးတွေကိုသင်ကြားပေးရတဲ့ဘဝမှာဆက်နေ,နေသည်။

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now