Chapter - 36

1.4K 338 3
                                    

Unicode

၁၄၉၀။ ဒီဘဝမှာအဆိုးဆုံးကံ
_______________________

နဉ်ရှုက ဒီအိမ်ထဲမှာ ယန်စုဆောင်းခြင်းမန္တန်ကွက်တစ်ခုဆောက်ထားသည်။ အကြီးအကဲမရဲ့ကိုယ်မှာ မကောင်းတဲ့စွမ်းအင်တွေများလွန်းနေတာမို့ ဧည့်ခန်းတစ်ခုလုံးက ငရဲလိုပင်။ လေအေးတစ်ချက်တိုက်သွားသည်။ ဒါက အသက်ရှူဖို့ပင်ခက်ခဲ၏။

နဉ်ရှုက မန္တန်စာရွက်တစ်ရွက်ကိုလက်ချောင်းကြားညှပ်ကာ ဂါထာတစ်ပုဒ်ရွတ်သည်။ မန္တန်စာရွက်က အကြီးအကဲမဆီပျံသွားပြီး သူမကိုယ်မှာကပ်သွားသည်။

အကြီးအကဲမက ခေါင်းမော့ကာအော်လိုက်ပြီး သူမကိုယ်ကမကောင်းတဲ့စွမ်းအင်တွေက ပိုသိပ်သည်းလာသည်။

နဉ်ရှုရဲ့မျက်ခုံးတွေက ခပ်တင်းတင်းစုကျုံ့သွားကြ၏။ ဖုန့်ယင်းက ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်တာဆိုတော့ အတော်လေးဒေါသထွက်နေတာဖြစ်လောက်တယ်။ ဒီမကောင်းတဲ့စွမ်းအင်တွေက အကြီးအကဲမရဲ့ခန္ဓာကိုယ်ကိုတိုက်စားပြီး သူမက စောစောစီးစီးသေလိမ့်မယ်။

ဖုန့်ယင်း၊ အာ ဖုန့်ယင်း။

'ငါ့မိန်းကလေးကိုပဲမျက်လုံးထဲထည့်တယ်၊ ကျန်တဲ့လူအကုန်အလကား၊ ငါ့မိန်းကလေးနဲ့ရှုပ်ရင် မင်းမှာ ပြန်ဝင်စားဖို့အခွင့်အရေးတောင်ရှိမှာမဟုတ်ဘူး'ဆိုတဲ့ဒီလိုသဘောထားမျိုးက တကယ်မိုက်ပါတယ်။

သူ့အတွက် အမှားအမှန်ခွဲနေစရာမလိုဘူးလေ။

အကြီးအကဲမက မှားကောင်းမှားနေနိုင်ပေမယ့် ဒီတန်ကြေးကတော့ ပေးရမှာများလွန်းတယ်။

နဉ်ရှုရဲ့နဖူးကနေ ချွေးတွေစိမ့်ထွက်လာသည်။ သူမက အံကြိတ်လိုက်သည်၊ နောက်ဆုံးမှာတော့ အကြီးအကဲမက ကြောက်မက်ဖွယ်အော်သံတစ်ချက်ပြုပြီး ကြမ်းပေါ်လဲကျသွားသည်။

ရှဲ့ယိယွမ်က ဘေးကနေကြည့်နေတာဖြစ်ပြီး သူ့မျက်စိသူငယ်အိမ်တွေက တုန်ရီနေသည်။ သူ အချိန်အတော်ကြာအောင်စကားမပြောနိုင်ချေ။

နဉ်ရှုက ချွေးတွေကိုသုတ်လိုက်သည်၊ သူမကိုယ်က နည်းနည်းအားနည်းနေ၏။ လီး၊ ဒါမျိုးသာအကြိမ်ရေနည်းနည်းပိုဖြစ်လိုက်ရင် သူမ အပင်ပန်းလွန်ပြီးသေသွားလိမ့်မယ်။

Ghostly Romance(Realm-23)[Myanmar Translation]Where stories live. Discover now